မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်၊ မဟာစည်(၄)လမ်းတွင် မီးဘေး ထောက်ပံ့မှုသတင်း - နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၃/၂၀၂၆) - ကရင်ပြည်နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောမှု သတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ထားမလုံဈေးတွင် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့‌ဟောင်းစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ (၃)မိုင်မြို့၌ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) (၁/၂၀၂၆) သင်တန်းဖွင့်လှစ်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ‌‌ဟောပြောမှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊  မေတ္တာရောင်ခြည်လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာတွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်တွင် သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၈-၂၀၂၃) ရက်နေ့ နံနက်(၁၃:၀၀)အချိန်တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ မဟာရွှေဂုဏ်ထူးကိုယ်ပိုင်း အထက်တန်း ကျောင်းတွင် ကျောင်းသား/သူ (၂၅၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗွီနိုင်းပိုစတာ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_aug2023 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ဂန်ချောင်းကျေးရွာအုပ်စု၊ မာယူချောင်းဖျားကျေးရွာ၌ (၃-၈-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၁၂) လုံး၊ အိမ်ထောင်စု (၁၂) စု၊ လူဦးရ (၄၀) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၈၄,၀၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၂၀၀,၀၀၀/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၂၈၄,၀၀၀/-) ကျပ်တို့အား (၄-၈-၂၀၂၃) ရက်နေ့တွင် ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • ရေဘေးထောက်ပံ့ပြီးစီးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၂၃) ရက်နေ့ (၁၅း၃၀)တွင် မိုးသည်းထည်စွာရွာသွန်း၍ ဒုံသမိချောင်းရေ (၉)ပေမြှင့်တက်မှုကြောင့် မြေနိမ့်ပိုင်းလူနေအိမ်များသို့ ရေ (၄)ပေခန့် ချောင်းရေများဝင်ရောက်လာ၍ မွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာရှိ ပြောင်းရွှေ့အိမ်ထောင်စု (၂၂)စုတို့မှ ကျား (၄၈)ဦး၊ မ (၄၆)ဦး၊ စုစုပေါင်း (၉၄)ဦးတို့သည် ရွာလယ်ဓမ္မာရုံ၌လည်းကောင်း၊ ပြောင်းရွှေ့အိမ်ထောင်စု (၁၉)စုတို့မှ ကျား (၄၂)ဦး၊ မ (၄၄)ဦး၊ စုစုပေါင်းလူဦးရေ (၈၆)ဦးတို့သည် ရေလယ်ဘုန်းကြီးကျောင်း၌လည်းကောင်း၊ စုစုပေါင်းအိမ်ထောင်စု … Read more

  • လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂.၈.၂၀၂၃)ရက်​နေ့တွင် ပုသိမ်မြို့၊ အမှတ်(၁၀)ရပ်ကွက်၌ မိုးရွာသွန်းပြီး ​လေပြင်းတိုက်ခတ်မှု​ကြောင့် သစ်ပင်လဲကျ၍ ပြိုကျပျက်စီးခဲ့​သော လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး​ထောက်ပံ့ငွေ(၁၀၀,၀၀ဝိ/-)၊ ​ဘေးသင့်လူဦးရေ(၄)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုး​ထောက်ပံ့ငွေ(၈,၄၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၀၈,၄၀ဝိ/-)၊ (၄၆၀၃၆/-)တန်ဖိုးရှိ ကယ်ဆယ်​ရေးပစ္စည်း(၁၆)မျိုး (စက္ကူပုံး)ပါ (၁)ပုံးနှင့် ပုသိမ်မြို့၊ မရမ်း​ချောင်း​ကျေးရွာအုပ်စု၊ မြန်မာမရမ်း​ချောင်း​ကျေးရွာ၌ ဖြစ်ပွားခဲ့​သော ​လေ​ဘေး​ကြောင့် သစ်ပင်ပိ၍ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့​သော လူ​နေအိမ်(၁)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ(၅၀,၀၀ဝိ/-)၊​ဘေးသင့်လူဦး​ရေ (၄)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး​​ထောက်ပံ့​ငွေ(၈,၄၀ဝိ/-)၊ စုစု​ပေါင်း​ထောက်ပံ့​ငွေ(၅၈,၄၀ဝိ/-)တိတိတို့အား (၃-၈-၂၀၂၃)ရက်​နေ့၌ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတာ၀န်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်၀ယ်အ​ရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more

  • လေပြင်းဘေးထောက်ပံ့ပြီးစီးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂/၃-၈-၂၀၂၃)ရက်နေ့တို့တွင် မုဒုံမြို့နယ်အတွင်း မိုးသက်လေပြင်းကျရောက်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် သွပ်အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့ရာ မုဒုံမြို့နယ်၊ ကလေ့ာသော့ကျေးရွာရှိ အိမ်ထောင်စု(၁၃)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၆၅,၀၀၀/-)၊ လူဦးရေ(၅၄)ဦး အတွက် ဆန်ရိက္ခာဖိုးငွေ(၁၁၃,၄၀၀/-)အားလည်းကောင်း၊ တောင်ပကျေးရွာရှိ အိမ်ထောင်စု(၁၀)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၇၀,၀၀၀/-)၊ လူဦးရေ(၃၅)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၇၃,၅၀၀/-)တို့အား လည်းကောင်း၊ မြို့မ(၄)ရပ်ကွက်ရှိ အိမ်ထောင်စု(၅)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၃၅,၀၀၀)၊လူဦးရေ(၂၃)အတွက် ဆန်ရိက္ခာဖိုးငွေ(၄၈,၃၀၀)အားလည်းကောင်း၊ စုစုပေါင်းထောက်ပံ့ငွေ(၉၀၅,၂၀၀)အား (၃-၈-၂၀၂၃)ရက်နေ့ (၁၅း၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ha_sgw #mon_aug2023 Source: … Read more

  • ပန်းတနော်မြို့နယ်၊ ကဿ၀င်ကျေးရွာအုပ်စု၊ စီဘီသောင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကဿ၀င်ကျေးရွာအုပ်စု၊ စီဘီသောင်ကျေးရွာ၌ (၂-၈-၂၀၂၃)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပြိုကျနေအိမ်(၆)လုံး၊ အိမ်ထောင်စု(၆)စုမှ လူဦးရေ(၂၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ရန်ပုံငွေ(၄၂၀၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၆၀၀၀၀ဝိ/-)၊ သေဆုံးသူတစ်ဦး၏ကျန်ရစ်သူမိသားစု၀င်များထံ ကယ်ဆယ်ရေးရန်ပုံငွေ(၃၀၀၀၀ဝိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၉၄၂၀၀ဝိ/-) ပြိုကျနေအိမ်မှအိမ်ထောင်စု(၆)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၆)ပုံးတို့အား  (၃-၈-၂၀၂၃) ရက်နေ့၊ (၁၄:၄၀) နာရီအချိန်တွင်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဘေးသင့်ပြည်သူများထံ​ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_aug2023 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)