Latest News
-
တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့နယ် ငဖရုံကျေးရွာ၊ ဝါးနက်ရုံကျေးရွာ၊ ဒုံးသိမ်ကျေးရွာ၊ ရွှေသီး ကျေးရွာ၊ ခွဆုံ (ရခိုင်) ကျေးရွာ၊ ဝရကျွန်း(ဘင်္ဂါလီ) ကျေးရွာ၊ ကျောက်စာတိုင်ကျေးရွာ စုရပ်စခန်း (၇) ခု တွင် ရိက္ခာထပ်မံလိုအပ်လျက်ရှိသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၇၅) စု၊ လူဦးရေ (၁,၃၂၁) ဦး အတွက် ဆန်ရိက္ခာ (၁) လစာ ဆန် (၄၁၂) အိတ်၊ (၁၉) … Read more
-
မိုင်းထိသေဆုံးသူအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရသေ့တောင်မြို့နယ်၊ ငစံဘော်ကျေးရွာ၌ (၂-၂-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီတွင် ဖြစ်ပွားခဲ့သော မိုင်းထိသေဆုံး ပြည်သူ(၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်အား (၃-၂-၂၀၂၀)ရက်နေ့တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သေဆုံးသူ၏မိသားစုထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #rke_feb2020
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၂.၂၀၂၀)ရက်နေ့၊ (၀၉:၃၀)ချိန်မှ (၁၁:၀၀)အချိန်အထိ လယ်ဝေးမြို့နယ်၊ အ.ထ.က(၄)စာသင်ကျောင်းတွင် ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးဖြစ်ပွားလာပါက ဖြစ်ပွားနေစဉ် မည်ကဲ့သို့ပြုမူနေထိုင်ရမည်ကို ကျောင်းသား/သူ (၃၀၀)ဦးအား သရုပ်ပြခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အမေးအဖြေကဏ္ဍများ အပြန်အလှန်ပြုလုပ်ပြီးနောက် တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာ၊ နံရံကပ်ပိုစတာများနှင့် မုန့်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_Feb2020 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၂-၂၀၂၀)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လွှစာကျေးရွာ အုပ်စု၊ ဒေါင့်ကြီးကုန်းကျေးရွာ၌ ကျေးရွာနေပြည်သူ(၁၀၀)ဦး၊ ကျောင်းသူ/ကျောင်းသား (၇၀)ဦး စုစု ပေါင်း(၁၇၀)ဦးတို့ဖြင့်လည်းကောင်း၊ နေ့လည်(၁၃:၃၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်၊ သပြေ ချောင်းကျေးရွာအုပ်စု၊ ဒရယ်ဖြူကြီးကျေးရွာတွင် ကျေးရွာနေပြည်သူ(၁၀၀)ဦး၊ ကျောင်းသား/ ကျောင်းသူ(၁၀၀)ဦး စုစုပေါင်း(၂၀၀)ဦးတို့ဖြင့်လည်းကောင်း သဘာဝဘေးလျော့ပါးရေး အသိပညာ ပေးခြင်း၊ဘေး(၈)မျိုးလက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ကျောင်းအုပ်ဆရာ၊ ဆရာကြီးတို့အား မီးဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်အသိပညာပေးဗွီနိုင်းများ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: … Read more
-
ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သွားရောက်ကြည့်ရှု
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် ငှက်အော်စမ်းသူငယ်သင်တန်းကျောင်းသို့ ယမန်နေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သွားရောက်ကြည့်ရှု၍ သင်တန်းကျောင်းရှိ ကလေးသူငယ်များနှင့် လူငယ်များအား အားပေးစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်းရှိ သင်တန်းသားများနှင့်တွေ့ဆုံရာ၌ မိမိတို့နိုင်ငံသည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းနေဆဲကာလဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဦးတစ်ယောက်ချင်းက ဆောင်ရွက်ပေးကြရန်တာဝန်ရှိပါကြောင်း၊ မိမိကိုယ်ကို အကျိုးရှိအောင်၊ ကောင်းမွန်အောင် ကြိုးပမ်းခြင်းဖြင့် မိသားစု၊ ပတ်ဝန်းကျင်နှင့် နိုင်ငံအတွက်ပါ အကျိုးပြုလာနိုင်မည်ဖြစ်ကြောင်း၊ ကလေးသူငယ်များ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ပေးနိုင်ရန်နှင့် ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ပေါ်ပေါက်ပြီးဖြစ်ကြောင်း၊ တစ်ဦးချင်းက … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၂-၂၀၂၀) နေ့တွင် ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာအုပ်စု အ.ထ.က.ခွဲ ပေါင်း၌ ကျောင်းသား/ကျောင်းသူနှင့် ဆရာမအင်အား (၃၀၀) ဦးအား သဘာဝဘေးအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဝေငှ ပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး ဘောပင်များ လက်ဆောင်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှုးရုံး (ဘစမ) #ar #tny_feb2020









