ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သွားရောက်ကြည့်ရှု

 

3_Pic_02

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၌ လူမှုဝန်ထမ်း၊

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့်

ငှက်အော်စမ်းသူငယ်သင်တန်းကျောင်းသို့ ယမန်နေ့ မွန်းလွဲပိုင်းက

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သွားရောက်ကြည့်ရှု၍ သင်တန်းကျောင်းရှိ

ကလေးသူငယ်များနှင့် လူငယ်များအား အားပေးစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်းရှိ သင်တန်းသားများနှင့်တွေ့ဆုံရာ၌

မိမိတို့နိုင်ငံသည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်

ကြိုးပမ်းနေဆဲကာလဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက်

တစ်ဦးတစ်ယောက်ချင်းက ဆောင်ရွက်ပေးကြရန်တာဝန်ရှိပါကြောင်း၊ မိမိကိုယ်ကို

အကျိုးရှိအောင်၊ ကောင်းမွန်အောင် ကြိုးပမ်းခြင်းဖြင့် မိသားစု၊ ပတ်ဝန်းကျင်နှင့်

နိုင်ငံအတွက်ပါ အကျိုးပြုလာနိုင်မည်ဖြစ်ကြောင်း၊ ကလေးသူငယ်များ၏ ရပ်တည်မှုနှင့်

ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ပေးနိုင်ရန်နှင့် ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန်

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ပေါ်ပေါက်ပြီးဖြစ်ကြောင်း၊ တစ်ဦးချင်းက

ကိုယ့်တာဝန်ကိုယ်ယူခြင်းဖြင့် ထိုအခွင့်အရေးများ ရရှိလာမည်ဖြစ်ကြောင်း၊

ကလေးသူငယ်များအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းပညာ၊

အသက်မွေးဝမ်းကျောင်းပညာများကို လေ့လာ၊ ဆည်းပူး၊ သင်ယူကြရမည်ဖြစ်ရာ

သင်ယူနိုင်စွမ်းရှိရန်လည်း အရေးကြီးပါကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်သည် မိမိတို့

ကိုယ်ရည်ကိုယ်သွေးများ မြင့်မားလာအောင် ကြိုးစားဆောင်ရွက်မှုများကို ဟန့်တားနှောက်ယှက်ရုံသာမက မိမိတို့၏အနာဂတ်ကိုပါ ပျက်စီးစေမည်ဖြစ်ကြောင်း၊ အချိန်အကန့်အသတ်ရှိသည့် ကလေးဘဝကာလနှင့် လူငယ်ဘဝကာလများတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချရမည်ဖြစ်ကြောင်း၊ အကျိုးရှိသည့်ကိစ္စများကို ဦးနှောက်က တွေးခေါ်မှု၊ ဆင်ခြင်မှုမပြုလုပ်နိုင်အောင် မူးယစ်ဆေးဝါးက

ပြောင်းလဲဖျက်စီးမည်ဖြစ်ကြောင်း၊ လူတိုင်းသည် မိမိတို့၏

အခွင့်အရေးများကိုရရှိခံစားရာတွင် ဥပဒေနှင့်အညီဖြစ်ရန်လိုအပ်ကြောင်း၊

ဥပဒေကိုကျော်လွန်သွားပါက အပြစ်ဖြစ်ပါကြောင်း၊ ယခုသင်တန်းကျောင်းသို့ရောက်ရှိနေသည့်ကာလကို အကျိုးရှိစွာ ကုန်ဆုံးစေရန် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတတ်နိုင်ဆုံးပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ မိမိတို့ကလည်း လိုက်ပါကြိုးစားကြရန် တိုက်တွန်းပါကြောင်း၊ ဤသင်တန်းကျောင်းတွင် နေထိုင်ရမည့်ကာလ ကျော်လွန်ပြီးပါက အဆိုးကျော့သံသရာပြန်မလည်ရန်လည်း အရေးကြီးပါကြောင်း၊ မိမိတို့၏ အမှားများအတွက်

ဤနေရာသို့ လာရောက်အပြစ်ခံယူသည်ဟု မမှတ်ယူဘဲ ရှေ့ဆက်ရမည့် ဘဝတစ်လျှောက်

ကောင်းမွန်နိုင်ရေးအတွက် လေ့ကျင့်သင်ယူမှုများ ဆောင်ရွက်ကြရသည်ဟု

သဘောထားကြစေလိုကြောင်း၊ မိမိတို့၏ နောင်လာမည့်မျိုးဆက်များအတွက်

ကောင်းမွန်သော အမွေများ ပေးခဲ့နိုင်ရန် မိမိတို့ကိုယ်ကို

ကောင်းမွန်အောင်ကြိုးစားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့်

လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးတို့သည်

သင်တန်းကျောင်းသားများ၏ လိုအပ်ချက် များကို မေးမြန်းပြီး တာဝန်ရှိသူများနှင့်

ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်ရှိ

ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းတွင် တရားရုံးများမှ

အကျင့်စာရိတ္တပြုပြင်ရန်ပေးပို့လာသည့်ကလေးသူငယ် (၅၅၃)ဦးနှင့် လမ်းပေါ်နေ

ကလေးလူငယ် (၁၂၁)ဦး စုစုပေါင်း (၆၇၄)ဦးကို ပြုပြင်

လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပြီး ကျောင်းပညာရေးအပြင်၊

အသက်မွေးဝမ်းကျောင်းပညာများကိုလည်း လေ့ကျင့်သင်ကြားပေးလျက် ရှိကြောင်း

သတင်းရရှိပါသည်။

 

#hl_1

#npw_Feb2020

Source:                        MSWRR

ဖေဖော်ဝါရီ ၂ ၊ ရန်ကုန်

Sign Up

Upcoming Events