လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့နယ် ငဖရုံကျေးရွာ၊ ဝါးနက်ရုံကျေးရွာ၊ ဒုံးသိမ်ကျေးရွာ၊ ရွှေသီး ကျေးရွာ၊ ခွဆုံ (ရခိုင်) ကျေးရွာ၊ ဝရကျွန်း(ဘင်္ဂါလီ) ကျေးရွာ၊ ကျောက်စာတိုင်ကျေးရွာ စုရပ်စခန်း (၇) ခု တွင် ရိက္ခာထပ်မံလိုအပ်လျက်ရှိသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၇၅) စု၊ လူဦးရေ (၁,၃၂၁) ဦး အတွက် ဆန်ရိက္ခာ (၁) လစာ ဆန် (၄၁၂) အိတ်၊ (၁၉) ပြည် နှင့် (၄) ဘူးအား (၃-၂-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_otr
#rke_feb2020
Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)