သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

3_ Pic _ 02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၂-၂၀၂၀)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လွှစာ‌ကျေးရွာ အုပ်စု၊‌ ဒေါင့်ကြီးကုန်း‌ကျေးရွာ၌ ကျေးရွာနေပြည်သူ(၁၀၀)ဦး၊‌ ကျောင်းသူ/ကျောင်းသား (၇၀)ဦး စုစု ပေါင်း(၁၇၀)ဦးတို့ဖြင့်လည်း‌ကောင်း၊‌‌ နေ့လည်(၁၃:၃၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်၊ သပြေ ချောင်းကျေးရွာအုပ်စု၊ ဒရယ်ဖြူကြီးကျေးရွာတွင် ကျေးရွာနေပြည်သူ(၁၀၀)ဦး၊ ကျောင်းသား/ ကျောင်းသူ(၁၀၀)ဦး စုစုပေါင်း(၂၀၀)ဦးတို့ဖြင့်လည်းကောင်း သ‌ဘာဝဘေးလျော့ပါးရေး အသိပညာ ပေးခြင်း၊ဘေး(၈)မျိုးလက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ကျောင်းအုပ်ဆရာ၊ ဆရာကြီးတို့အား မီးဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်အသိပညာပေးဗွီနိုင်းများ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။

Source: လပွတ္တာခရိုင်ဦးစီးမှုးရုံး (ဘစမ)

#ar
#ayy_feb2020

Sign Up

Upcoming Events