ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာ၌ စူပါအယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့်စပ်လျဉ်းသည့် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း  - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စူပါအယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့်စပ်လျဉ်းသည့် Talk Show ပြုလုပ်မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ အမှတ်(၉)ရပ်ကွက်၊ အမှတ် (၁၀)ရပ်ကွက်များ၌ စူပါအယ်လ်နီညိုအပါအဝင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက် မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကမ်းပြိုဘေးထောက်ပံ့မှုသတင်း - အိမ်မဲမြို့နယ်ရှိ ချောင်းဝရပ်ကွက်၊ အိမ်မဲကြီးရပ်ကွက်နှင့် အထက်ပိုင်းရပ်ကွက်တို့၌ စူပါအယ်နီညို ဖြစ်စဉ်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း - ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်ရှိ အမှတ်(၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း
Revolution Slider Error: The param width not found in slider params.

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၁၇-၂-၂၀၂၀)ရက်နေ့၊(၁၀:၃၀)နာရီ အချိန်၌မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ ထုံးရေပေါက်ကျေးရွာတွင် ရွာသူ/သား (၄၀) ဦးခန့်အား လည်း‌ကောင်း၊ (၁၇-၂-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်၌ မိုးကောင်းမြို့၊ နန့်ခွင်ကျေးရွာ၊ အ.ထ.က(ခွဲ)ကျောင်းတွင် ကျောင်းသူ/သား(၂၀၀)ဦးခန့်အားလည်းကောင်း သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ဘေး(၈)မျိုး လက်ကမ်းစာစောင်များ ဖြန့်ဝေ‌ပေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kcn_feb2020

  • ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီ အချိန်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကြက်ခြေနီအဖွဲ့များနှင့် ပူးပေါင်း၍ ငလျင်ဘေးအနရာယ်ဆိုင်ရာ သဏာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို မိုင်းပျဉ်းမြို့နယ် အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)၌ ဆရာ၊ ဆရာမ၊ ကျောင်းသား/သူ စုစုပေါင်း(၃၀၀) ဦးနှင့်အတူ ပူးပေါင်း၍  ငလျင်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား ပြုလုပ်ခဲ့ရာ အဆိုပါဇာတ်တိုက် လေ့ကျင့်ခန်းတွင် တက်ရောက်လာသူများအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာများ ဟောပြောပို့ချခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များအား လက်တွေ့သရုပ်ပြခြင်း၊ ရှေးဦးပြုစုနည်းများနှင့် လက်တွေ့သရုပ်ပြခြင်းများတို့ကို ဆောင်ရွက်ခဲ့ပြီး ဘေး(၈)မျိုးလက်ကမ်းစာ  စောင်များကိုလည်း ဝေငှပေးခဲ့ပါကြောင်း … Read more

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွေဘိုခရိုင် ခင်ဦးမြို့နယ် ညောင်ကုန်းကျးရွာ (၁၅-၂-၂၀၂၀)ရက်နေ့တွင် မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ခဲ့သော မီးဘေးသင့်အိမ်ခြေ (၆ )လုံး၊ အိမ်ထောင်စု( ၆) စုမှလူဦးရေ (၂၅)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၅၂၅၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀၀၀၀/-)၊ ဒဏ်ရာရလူနာ(၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀ိ/-) စုစုပေါင်းထောက်ပံ့ငွေ (၇၀၂၅၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း ၁၇မျိုး( ၆)အိမ်ထောင်စာတို့အား (၁၇-၂-၂၀၂၀)ရက်နေ့ (၁၅း၃၀)အချိန်တွင် ခင်ဦးမြို့နယ် သဘာဝဘေးအနရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့နှင့်အတူ ဘေးသင့်ဒေသသို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။   … Read more

  • မီးဘေးသင့်ပြည်သူအတွက် သွားရောက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၂၀) ရက်နေ့၌ ဖြစ်ပွား ခဲ့သော မီးဘေးကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ကြိမ်ကွင်း‌ ကျေးရွာအုပ်စု၊ ကျွန်းချောင်းကျေးရွာတွင် ပျက်စီးဆုံးရှုံးခဲ့သည့်အိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု (၃)စုမှ လူဦးရေ(၁၀) ဦးတို့မီးဘေးသင့်ခဲ့ပါသဖြင့် မီးလောင်ပျက်စီးအိမ်ခြေ(၃)လုံး အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀၀၀၀/-) ကျပ်၊ လူဦးရေ(၁၀)ဦး အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂၁၀၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ဖိုးငွေ(၃၂၁၀၀၀/-)ကျပ်နှင့် ကယ်ဆယ်‌ရေး ပစ္စည်း(၁၆)မျိုး၊ (၃)စုံအား … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၂၀) ရက်နေ (၁၁:၃၀) အချိန်မှ (၁၂:၃၀) အချိန်ထိ တောင်ကုန်းကျေးရွာ အ.လ.က(ခွဲ) ကျောင်း၌ ကျောင်းသူ/သား ၁၀၀ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများ၊ ငလျင်ဘေးအသိပညာပေးဗီနိုင်းများအား ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_feb2020 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ခရိုင်အဆင့်သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၂၀) ရက်နေ့တွင် ခရိုင်အဆင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းအား ကျိုင်းတုံခရိုင်မှ သင်တန်းသား/ သူ (၃၀) ဦးဖြင့်ကျိုင်းတုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဖွင်လှစ် ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ သင်တန်းဖွင့်ပွဲ အမှာစကားပြော ကြားခဲ့ပါသည်။ အဆိုပါသင်တန်းအား (၁၇-၂-၂၀၂၀) ရက်နေ့မှ (၁၉ -၂- ၂၀၂၀) ရက်နေ့ထိ (၃) ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_feb2020