
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၂၀) ရက်နေ့တွင် ခရိုင်အဆင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းအား ကျိုင်းတုံခရိုင်မှ သင်တန်းသား/ သူ (၃၀) ဦးဖြင့်ကျိုင်းတုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဖွင်လှစ် ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ သင်တန်းဖွင့်ပွဲ အမှာစကားပြော ကြားခဲ့ပါသည်။ အဆိုပါသင်တန်းအား (၁၇-၂-၂၀၂၀) ရက်နေ့မှ (၁၉ -၂- ၂၀၂၀) ရက်နေ့ထိ (၃) ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#shn_feb2020