ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း

17_pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီ အချိန်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကြက်ခြေနီအဖွဲ့များနှင့် ပူးပေါင်း၍ ငလျင်ဘေးအနရာယ်ဆိုင်ရာ သဏာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို မိုင်းပျဉ်းမြို့နယ် အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)၌ ဆရာ၊ ဆရာမ၊ ကျောင်းသား/သူ စုစုပေါင်း(၃၀၀) ဦးနှင့်အတူ ပူးပေါင်း၍  ငလျင်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား ပြုလုပ်ခဲ့ရာ အဆိုပါဇာတ်တိုက် လေ့ကျင့်ခန်းတွင် တက်ရောက်လာသူများအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာများ ဟောပြောပို့ချခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များအား လက်တွေ့သရုပ်ပြခြင်း၊ ရှေးဦးပြုစုနည်းများနှင့် လက်တွေ့သရုပ်ပြခြင်းများတို့ကို ဆောင်ရွက်ခဲ့ပြီး ဘေး(၈)မျိုးလက်ကမ်းစာ  စောင်များကိုလည်း ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#simex_eqk

#shn _feb2020

Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events