မီးဘေးသင့်ပြည်သူအတွက် သွားရောက်ထောက်ပံ့မှုသတင်း

17_Pic _ 01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၂-၂၀၂၀) ရက်နေ့၌ ဖြစ်ပွား ခဲ့သော မီးဘေးကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ကြိမ်ကွင်း‌ ကျေးရွာအုပ်စု၊ ကျွန်းချောင်းကျေးရွာတွင် ပျက်စီးဆုံးရှုံးခဲ့သည့်အိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု (၃)စုမှ လူဦးရေ(၁၀) ဦးတို့မီးဘေးသင့်ခဲ့ပါသဖြင့် မီးလောင်ပျက်စီးအိမ်ခြေ(၃)လုံး အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀၀၀၀/-) ကျပ်၊ လူဦးရေ(၁၀)ဦး အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂၁၀၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ဖိုးငွေ(၃၂၁၀၀၀/-)ကျပ်နှင့် ကယ်ဆယ်‌ရေး ပစ္စည်း(၁၆)မျိုး၊ (၃)စုံအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၁၇-၂-၂၀၂၀) ရက်နေ့၊ နံနက်(၁၂:၀၀) နာရီချိန်တွင် ဘေးသင့် ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fir
#ayy_feb2020

Sign Up

Upcoming Events