Latest News
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (ခ)ရပ်ကွက်၊ ပြည်တော်သာလမ်းတွင် (၁၂-၃-၂၀၂၀) ရက်နေ့၌ မီးလောင် မှုဖြစ်ပွားခဲ့ရာ၊ အိမ်ခြေ(၂၅)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး မိသားစု(၂၆)စု မှလူဦးရေ(၁၄၅) ဦးတို့ မီးဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၁၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ(၁၄၅) ဦး အတွက် ဆန်ရိက္ခာဖိုးထောက့်ပံ့ငွေ (၃,၀၄,၅၀ဝ/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ (၂၆) အိမ်ထောင်စုစာတို့အား အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနမှတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ် စားလှယ်များနှင့်အတူ (၁၆-၃-၂၀၂၀) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်၍ … Read more
-
ပုသိမ်ခရိုင်အတွင်း လေပြင်းဘေးကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းအတွက် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်းနှင့် ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးပြင်းဘေးကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် (၁၇-၃-၂၀၂၀)ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ နေအိမ်များ ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းအတွက် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီး လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးဆောင်ရွက်မည့် ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာ၊ မရမ်းချောင်းကျေးရွာအုပ်စု၊ ဗြိုက်ကုန်းကျေးရွာ၊ ဇင်ပြွန်းကုန်းကျေးရွာအုပ်စု၊ အိမ်ကုန်းကြီး ကျေးရွာနှင့် ဝါးယားချောင်းကျေးရွာအုပ်စု၊ ဝါးယားချောင်းကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ayy_mar2020 Source: ဧရာဝတီတိုင်းဒေသကြီးဉီးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလတွင် ဖြစ်ပွားတတ်သော လေပြင်းဘေးများကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများလျော့ပါးစေရန် ရည်ရွယ်၍ ကြို့ပင်ကောက်မြို့နယ်အတွင်း ဆင်းရဲနွမ်းပါးပြီး ကြံ့ခိုင်မှုအားနည်းသောနေအိမ်များအား ပိုမို တောင့်တင်းခိုင်မာလာစေရန်အတွက် လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို (၁၆-၃-၂၀၂၀) ရက်နေ့၊ နေ့လည်(၁၃:၀၀) နာရီအချိန်တွင် ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၏အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ရာ ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးများနှင့်စာရေးများ၊ … Read more
-
(၁၀.၃.၂၀၂၀)ရက်နေ့မှ (၁၆.၃.၂၀၂၀)ရက်နေ့အထိ မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန၊ ရန်ကုန် (ကမ္ဘာအေး) စခန်းက နေ့စဉ်တိုင်းတာရရှိသည့် လေအရည်အသွေး (PM2.5) အခြေအနေများ
-
မီးဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၃-၂၀၂၀)ရက်နေ့တွင် သာစည်မြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာအုပ်စု၊ ဥသျှစ်ကုန်းကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးအတွက် မီးဘေးသင့်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀)ကျပ်၊ ဘေးသင့် လူဦးရေ (၅) ဦးအတွက် (၇) ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ(၁၀,၅၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စုစာတို့ကို သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #mdy_mar2020
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခဲမှု ဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၃-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှ (၁၆:၀၀)နာရီအချိန်ထိ ကွမ်းဇဲကျေးရွာတွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေးနေအိမ်များအား ဖြည့်ပြုပြင်ခြင်း အား မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာပြည်သူလူထုတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းပေးပို့ပါသည်။ #mgy_mar2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)









