လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလတွင် ဖြစ်ပွားတတ်သော လေပြင်းဘေးများကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများလျော့ပါးစေရန် ရည်ရွယ်၍ ကြို့ပင်ကောက်မြို့နယ်အတွင်း ဆင်းရဲနွမ်းပါးပြီး ကြံ့ခိုင်မှုအားနည်းသောနေအိမ်များအား ပိုမို တောင့်တင်းခိုင်မာလာစေရန်အတွက် လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို (၁၆-၃-၂၀၂၀) ရက်နေ့၊ နေ့လည်(၁၃:၀၀) နာရီအချိန်တွင် ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၏အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ရာ ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးများနှင့်စာရေးများ၊ တက်ရောက်ခဲ့ပါကြောင်းသတင်း ရရှိပါသည်။
#bgo_mar2020
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)