မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

17_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (ခ)ရပ်ကွက်၊ ပြည်တော်သာလမ်းတွင် (၁၂-၃-၂၀၂၀) ရက်နေ့၌ မီးလောင် မှုဖြစ်ပွားခဲ့ရာ၊ အိမ်ခြေ(၂၅)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး မိသားစု(၂၆)စု မှလူဦးရေ(၁၄၅) ဦးတို့ မီးဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၁၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ(၁၄၅) ဦး အတွက် ဆန်ရိက္ခာဖိုးထောက့်ပံ့ငွေ (၃,၀၄,၅၀ဝ/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ (၂၆) အိမ်ထောင်စုစာတို့အား အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနမှတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ် စားလှယ်များနှင့်အတူ (၁၆-၃-၂၀၂၀) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်၍ ထောက်ပံ့ပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ha_fir

#ygn_mar2020

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

 

 

Sign Up

Upcoming Events