ပုသိမ်ခရိုင်အတွင်း လေပြင်းဘေးကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းအတွက် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်းနှင့် ကွင်းဆင်းဆောင်ရွက်မှုသတင်း

17_Pic_0217_Pic_01 17_Pic_03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးပြင်းဘေးကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် (၁၇-၃-၂၀၂၀)ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ နေအိမ်များ ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းအတွက် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီး လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးဆောင်ရွက်မည့် ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာ၊ မရမ်းချောင်းကျေးရွာအုပ်စု၊ ဗြိုက်ကုန်းကျေးရွာ၊ ဇင်ပြွန်းကုန်းကျေးရွာအုပ်စု၊ အိမ်ကုန်းကြီး ကျေးရွာနှင့် ဝါးယားချောင်းကျေးရွာအုပ်စု၊ ဝါးယားချောင်းကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
#ayy_mar2020
Source: ဧရာဝတီတိုင်းဒေသကြီးဉီးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events