Latest News
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် နေအိမ်များပြုပြင် ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၃-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) နာရီအချိန်တွင် ကုန်းပြင်ကျေးရွာအုပ်စု၊ ဘုရားချောင်ကျေးရွာ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စု သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များ ၊ ရပ်မိရပ်ဖများနှင့်အတူ လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မည့် ခိုင်ခံ့မှုအားနည်းသည့် နေအိမ်များအား ကွင်းဆင်းစစ်ဆေးခြင်း၊ နေအိမ်များ ပြုပြင် ခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #prep_sgw #ayy_mar2020
-
မီးဘေးထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃.၃.၂၀၂၀)ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ သစ်တိုချောင်းကျေးရွာအုပ်စု၊ နတ်ချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး စက္ကူပုံးပါ (၁)အိမ်ထောင်စာ တန်ဖိုး (၃၇၇၅၃ိ/-), အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀ိ/-)၊ ဘေးသင့်လူဦးရေ(၄)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံံ့ငွေ(၈၄၀၀ိ/-), စုစုပေါင်းထောက်ပံ့ငွေ (၁၀၈၄၀၀ိ/-)ကျပ်တိတိအား (၂၄.၃.၂၀၂၀)ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သက်ဆိုင်ရာတာဝန်ရှိသူများရှေ့မှောက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_mar2020 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၃-၂၀၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်ခန့်တွင် တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ပန်အုပ်စု၊ မိုင်းဝီးစေတီကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ်(၂)လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ (၁၆) ဦးမီးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်အိမ်ထောင်စု(၂)စုမှ ပျဉ်ထောင်၊ သွပ်မိုးနေအိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-) ကျပ်နှင့် ဝါးထရံကာ၊သက်ကယ်မိုးနေအိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀ိ/-)ကျပ်၊ ဘေးသင့်လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၃၃၆၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး (၂)အိမ်ထောင်စုစာတို့ကို (၂၃-၃-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ တင့်တူကျေးရွာအုပ်စု၊ ပေါက်ခေါင်းကျေးရွာတွင် (၂၁-၃-၂၀၂၀) ရက်နေ့၊ (၁၆:၃၀) နာရီအချိန်၌ မီးလောင်မှုကြောင့် မီးဘေးသင့်နေအိမ် (၁၃) လုံး၊ လူဦးရေ(၆၉)ဦး၊ မီးတားကြိုတင်ဖျက်သိမ်း နေအိမ် (၅) လုံး၊ လူဦးရေ (၂၄) ဦး၊ စုစုပေါင်းနေအိမ် (၁၈) လုံး၊ လူဦးရေ (၉၃) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၈၀၀,၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၉၅,၃၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ … Read more
-
သောက်သုံးရေလှူဒါန်းခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးနှင့် ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ (၂၀.၃.၂၀၂၀)ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ ဒေါပိုရှေ့ကျေးရွာနှင့် မာခရော်ရှေ့ကျေးရွာအုပ်စု တနောကလောကျေးရွတွင် သောက်သုံးရေးဂါလံ(၁၂၀၀)စီဖြင့်လည်းကောင်း၊ ကေးလျားကျေးရွာအုပ်စု၊ ဒေါခူလီကျေးရွာနှင့် မာခရောရှေ့ကျေးရွာအုပ်စု၊ထားလဲကျေးရွာတွင် သောက်သုံးရေဂါလံ (၃၂၀၀)စီအားလည်းကောင်း၊ (၂၁.၃.၂၀၂၀)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအုပ်စု၊ ဒေါတစီကျေးရွာ၊ လိုဘာခိုကျေးရွာအုပ်စု၊ ဆောင်ဒူကျေးရွာနှင့် ဝါဘန်းပလို့ကျေးရွာအုပ်စု၊ ထီးလသူးခိုကျေးရွာများသို့ သောက်သုံးရေဂါလံ(၃၂၀၀)စီအား လည်းကောင်း၊ (၂၂.၃.၂၀၂၀)ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ ဝှယ်သူတော်ကျေးရွာနှင့် ဖူးကရားခူကျေးရွာသို့ ဂါလံ(၁၂၀၀)စီဖြင့်လည်းကောင်း၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ ဘီဆိုကျေးရွာနှင့် ဒိုးပရယ်ကျေးရွာတွင် ဂါလံ(၁၄၀၀)အား လည်းကောင်း၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၃-၂၀၂၀) ရက်နေ့၊ (၁၅:၃၀) အချိန်တွင် ဖြစ်ပွားသော တန့်ဆည်မြို့နယ်၊ အင်ကုက္ကားကျေးရွာမီးဘေးနှင့် (၂၁-၃-၂၀၂၀) ရက်နေ့၊ (၁၇:၀၀) အချိန်တွင် ဖြစ်ပွားသော တန့်ဆည်မြို့နယ်၊ တပ်သစ်ကျေးရွာမီးဘေးတို့ကြောင့် ဘေးသင့်အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် ဘေးသင့်လူဦးရေ (၁၀) ဦး အတွက် … Read more









