လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၃-၂၀၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်ခန့်တွင် တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ပန်အုပ်စု၊ မိုင်းဝီးစေတီကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ်(၂)လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ (၁၆) ဦးမီးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်အိမ်ထောင်စု(၂)စုမှ ပျဉ်ထောင်၊ သွပ်မိုးနေအိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-) ကျပ်နှင့် ဝါးထရံကာ၊သက်ကယ်မိုးနေအိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀ိ/-)ကျပ်၊ ဘေးသင့်လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၃၃၆၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး (၂)အိမ်ထောင်စုစာတို့ကို (၂၃-၃-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#shn_mar2020
Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)