မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

24_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ တင့်တူကျေးရွာအုပ်စု၊ ပေါက်ခေါင်းကျေးရွာတွင် (၂၁-၃-၂၀၂၀) ရက်နေ့၊ (၁၆:၃၀) နာရီအချိန်၌ မီးလောင်မှုကြောင့် မီးဘေးသင့်နေအိမ် (၁၃) လုံး၊ လူဦးရေ(၆၉)ဦး၊ မီးတားကြိုတင်ဖျက်သိမ်း နေအိမ် (၅) လုံး၊ လူဦးရေ (၂၄) ဦး၊ စုစုပေါင်းနေအိမ် (၁၈) လုံး၊ လူဦးရေ (၉၃) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၈၀၀,၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၉၅,၃၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၉၉၅,၃၀ဝ/-) ကျပ်၊ မီးဘေးသင့်နေအိမ်များအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုး (၁၃) အိမ်ထောင်စုစာ၊ မီးတားကြိုတင်ဖျက်သိမ်းနေအိမ်များအတွက် ကယ်ဆယ် ရေးပစ္စည်း (၁၀) မျိုး (၅) အိမ်ထောင်စုစာတို့ကို ဆောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆောမြို့နယ်ကြက်ခြေနီ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ(၂၃-၃-၂၀၂၀) ရက်နေ့၊ (၁၇:၀၀) နာရီအချိန်တွင် မီးဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fir
#mgy_mar2020

Sign Up

Upcoming Events