မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

23_pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၃-၂၀၂၀) ရက်နေ့၊ (၁၅:၃၀) အချိန်တွင် ဖြစ်ပွားသော တန့်ဆည်မြို့နယ်၊ အင်ကုက္ကားကျေးရွာမီးဘေးနှင့် (၂၁-၃-၂၀၂၀) ရက်နေ့၊ (၁၇:၀၀) အချိန်တွင် ဖြစ်ပွားသော တန့်ဆည်မြို့နယ်၊ တပ်သစ်ကျေးရွာမီးဘေးတို့ကြောင့် ဘေးသင့်အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် ဘေးသင့်လူဦးရေ (၁၀) ဦး အတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၁,၀၀၀/-) ကျပ် တို့အား (၂၃-၃-၂၀၂၀) ရက်နေ့ (၁၄:၃၀)နာရီတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။

Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_fir
#sgg_mar2020

Sign Up

Upcoming Events