လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း - အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း - ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြဝတီရပ်ကွက်၊‌ နယ်မြေ(၁၃)၌ မီးဘေးထောက်ပံ့မှုသတင်း - လေသာကျောင်း ယာယီ​ရေ​ဘေးကယ်ဆယ်​ရေးစခန်းနှင့် မိုးလုံလေလုံ ယာယီ​ရေ​ဘေးကယ်ဆယ်​ရေး စခန်းတို့တွင် ရေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ မြိင်ကလေးစျေး၊ မြိုင်ကလေးကျေးရွာတို့၌  အသိပညာပေး ဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ ကူးဆိပ်ကျေးရွာ၊ လှာကာကျေးရွာ၊ ဘားပုကျေးရွာ၊ မုက္ကဒိကျေးရွာတို့၌ အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - ဘားအံမြို့နယ်၊ တရုတ်လှစံပြကျေးရွာ၊ ဘားကပ်ဈေး၊ ဘားကပ်ကျေးရွာ၊ ကော့ဂွန်းကျေးရွာ၊ နှစ်ခြားကျေး ရွာ၊ ရသေ့ပျံကျေးရွာတို့၌ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ်(၄၊ ၆၊ ၇၊ ၈)ရပ်ကွက်၊ သီရိဈေး၊ မြို့မဈေးကြီး၊ ကမော့ကစင်ရွာသစ်၊ ရဲသာရွာသစ်၊ နောင်လိုင်တို့၌  အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ အမှတ်(၁၊ ၂၊ ၃၊ ၅၊ ၉) ရပ်ကွက်၊ လှာကမြင်စျေး၊ လှာကမြင်ကွက် သစ်တို့၌ အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ လက်ခုပ်ကျေးရွာအုပ်စု၊ လက်ခုပ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးထောက်ပံ့မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • Covid-19 နှင့်ပတ်သတ်၍အသိပညာပေးဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၂၀)ရက် (၁၃:၀၀)နာရီတွင် စစ်တွေမြို့၊ သက္ကယ်ပြင် IDP စခန်းရှိ ပြည်သူများအတွက် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်များအား မြို့နယ်မီးသတ်ဦးစီးဌာန၊  ကော်မတီဝင်များနှင့်ပူးပေါင်း၍ အသိပညာပေးဆော်သြခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #rke_mar2020 Source:                       ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ရောဂါကူးစက်မှုအကြောင်း အသိပညာပေးခြင်းလုပ်ငန်းဆောင်ရွက်ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်၊ ကသာမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များ စုစုပေါင်း (၁၀)ရပ်ကွက်သို့ (၂၇.၃.၂၀၂၀)ရက်နေ့ ညနေ(၄)နာရီအချိန်မှ စတင်၍ COVID-19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ်ပွားစေရန်အတွက် အများပြည်သူများ သိရှိလိုက်နာရန်အချက်များအား လှည့်လည်နှိုးဆော်ခြင်းများဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။   #ar #sgg_mar2020 Source:                       ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊  မြင်းခြံမြို့နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၂၀) ရက်နေ့ (၁၇:၀၀)နာရီမှ စတင်ပြီး  မြင်းခြံမြို့နယ်အတွင်းရှိ အမှတ်(၁)၊ အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၂၀)ရပ်ကွက်နှင့်  လေး အိမ်တန်းကျေးရွာ၊ ရှားတောကေျးရွာများသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့အား ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။   #ar #mdy_mar2020 Source: မြင်းခြံမြို့နယ်ဉီးစီးမှူးရုံး(ဘစမ)

  • Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးနှင့် နေပြည်တော်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၂၀) ရက်နေ့ (၁၉:၀၀) အချိန်မှ (၂၁:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းစျေး၊ မြို့မစျေးနှင့် ရပ်ကွက်များအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။   #ar #npw_mar2020 Source: နေပြည်တော်တိုင်းဉီးစီးမှူးရုံး(ဘစမ)

  • Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူအသိပညာပေး ပန်ကြားချက်များနှင့် ရောဂါကာကွယ်ရန် ပိုးသတ်ဆေးများ ပက်ဖြန်းပေးနေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၂၀) ရက်နေ့၌ သရက်ချောင်းမြို့နယ်၊ မြို့အဝင်အဝိုင်းပတ်နှင့် ရပ်ကွက်ကျေးရွာရှိ လမ်းဆုံလမ်းခွများ၊ လူသွားလာများ‌သော‌နေရာများတွင် ပြည်သူများကိုCovid-19 ရောဂါကူးစက် ပျံ့နှံ့မှုများမဖြစ်ပွား‌စေရန်အတွက် အများပြည်သူများသိရှိလိုက်နာရန်အချက်များအား ပြည်သူလူထုသိရှိစေရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ပူးပေါင်း၍ ထိရောက်စွာဆောင်ရွက်ခဲ့ပြီး Covid-19 ရောဂါကာကွယ်ရန် ပိုးသတ်ဆေးများလိုက်ဖြန်းရာတွင်လဲ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #tny_mar2020 Source: သရက်ချောင်းမြို့နယ်ဉီးစီးမှူးရုံး(ဘစမ)

  • Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူအသိပညာပေး ပန်ကြားချက်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးနှင့် တောင်ပိုင်းခရိုင်လူမှုဝန်ထမ်းဦးစီးမှူးရုံးတို့ပူးပေါင်း၍ သက်ဆိုင်ရာဌာနများနှင့်အတူ သန်လျင်မြို့နယ် ရေနံရပ်ကွက်/တိုက် (၁) ၊ (၂) ၊(၃) ၊ ရေနံရပ်ကွက်၊ တိုက်(၄)/(၅)/(၆)/(၇)/ လိုင်းအတွင်းရပ်ကွက်၊ ဒိုဘီလိုင်းရပ်ကွက်၊ တိုက်ကြီးကုန်းရပ်ကွက်တို့တွင် မော်တော်ယာဉ်ဖြင့် အသံချဲ့စက်များတင်ဆောင်ကာ Covid-19 ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့အသိပညာပေးပန်ကြားချက်များ ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော လက်ကမ်းစာစောင်များအား အရာထမ်း၊ အမှုထမ်းများမှ ရပ်ကွက်များအတွင်း ကြော်ငြာခြင်း ၊ဖြန့်ဝေခြင်း စသည့် ပြည်သူအသိပညာပေးလုပ်ငန်းများအား ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #ygn_mar2020 … Read more