
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်
(၂၇-၃-၂၀၂၀) ရက်နေ့၌ သရက်ချောင်းမြို့နယ်၊ မြို့အဝင်အဝိုင်းပတ်နှင့် ရပ်ကွက်ကျေးရွာရှိ လမ်းဆုံလမ်းခွများ၊ လူသွားလာများသောနေရာများတွင် ပြည်သူများကိုCovid-19 ရောဂါကူးစက် ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် အများပြည်သူများသိရှိလိုက်နာရန်အချက်များအား ပြည်သူလူထုသိရှိစေရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ပူးပေါင်း၍ ထိရောက်စွာဆောင်ရွက်ခဲ့ပြီး Covid-19 ရောဂါကာကွယ်ရန် ပိုးသတ်ဆေးများလိုက်ဖြန်းရာတွင်လဲ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#tny_mar2020
Source: သရက်ချောင်းမြို့နယ်ဉီးစီးမှူးရုံး(ဘစမ)