လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ကရင်ပြည်နယ် ခရီးစဉ်တွင် အရှေ့တောင် တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာ ဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထား ရေး ဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ဘားအံခရိုင်ဦးစီးမှူးနှင့် ပြည်နယ်/ခရိုင်ရုံးမှ ဝန်ထမ်းများသည် ဒုတိယဝန်ကြီးနှင့်အတူ လိုက်ပါလျက် (၁၄.၈.၂၀၂၆)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ သံလွင်မြစ်ရေမြင့်တက်မှုကြောင့် အထက(၁) မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်းနှင့် အထက(၃) ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ပြောင်းရွှေ့ရောက်ရှိခဲ့သည့်ရေဘေးသင့်ထပ်တိုးအိမ်ထောင်စု (၉၆)စု၊လူဦးရေ စုစုပေါင်း (၄၁၂)ဦး တို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂,၀၆၀,၀၀၀ိ/-)အားလည်းကောင်း၊ အဆိုပါ ယာယီ ကယ်ဆယ်ရေးစခန်း(၂)ခုရှိ အိမ်ထောင်စု (၂၄၈)စု၊ လူဦးရေ (၁၀၅၂)ဦးတို့အတွက် လူ(၁) ဦးလျှင် ခေါက်ဆွဲခြောက် (၁)ထုပ်နူန်းဖြင့် (၁၀၅၂) ထုပ်၊ ( တန်ဖိုးငွေ -၇၉၉,၅၂ဝိ/-)အားလည်းကောင်း၊ အိမ်ထောင်စု (၁)စုလျှင် ငါးသေတ္တာ(၁)ဘူး နူန်း ဖြင့် (၂၄၈)ဘူး၊(တန်ဖိုးငွေ-၃၁၀,၀၀ဝိ/-) အားလည်း ကောင်း၊လူ(၁ )ဦးလျှင် ကြက်ဥ (၂) လုံး နူန်းဖြင့် (၂၁၀၄)လုံး၊( တန်ဖိုးငွေ -၁၁၉၉၂၈ဝိ/-)အားလည်း ကောင်း၊(၁၇.၈.၂၀၂၆)ရက်နေ့၊ (၁၃:၀၀) နာရီ အချိန်တွင် ရေဘေးသင့်ပြည်သူများအား လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ချီးမြှင့်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
ဆက်လက်၍ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ ထပ်တိုးပြောင်းရွှေ့ ရောက်ရှိလာသည့် အိမ်ထောင်စု (၃)စု၊ စုစုပေါင်းလူဦးရေ (၁၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၅,၀၀ဝိ/-) အား ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇.၈.၂၀၂၆)ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် ရေဘေးသင့်ပြည်သူများအား လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#kyn_aug_2026
Source: ဘားအံခရိုင်ဦးစီးမှူးရုံး