
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးနှင့် နေပြည်တော်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၂၀) ရက်နေ့ (၁၉:၀၀) အချိန်မှ (၂၁:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းစျေး၊ မြို့မစျေးနှင့် ရပ်ကွက်များအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။
#ar
#npw_mar2020
Source: နေပြည်တော်တိုင်းဉီးစီးမှူးရုံး(ဘစမ)