Latest News
-
Covid 19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇.၃.၂၀၂၀)ရက်နေ့ ညနေ (၂၀း၃၀) အချိန်မှ (၂၂း၀၀) အချိန်အထိ ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အောင်တံခွန်၊ အောင်ချမ်းသာ၊ အောင်တော်မူ၊ ရွှေပေါက်ပင် ရပ်ကွက်များတွင်လှည့်လည်၍covid 19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_mar2020 Source: ပေါက်မြို့နယ်ဉီးစီးမှူးရုံး(ဘစမ)
-
ပေါက်မြို့ အဝင်အထွက်ယာဉ်လိုင်းများအား COVID 19 နှင့်ပတ်သက်၍ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈.၃.၂၀၂၀)ရက်နေ့ နံနက် (၀၉း၃၀) အချိန်မှ (၁၆း၀၀) အချိန်အထိ ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ပေါက်မြို့အဝင် ပေါက် – ပခုက္ကူ လမ်းမကြီးမှ ပေါက်မြို့တွင်းသို့ အဝင်အထွက် ယာဉ်လိုင်းများတွင်စီးနင်းလိုက်ပါသော ခရီးသည်များအား COVID 19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းကောက်ယူခြင်း၊ အသိပညာပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_mar2020 Source: ပေါက်မြို့နယ်ဉီးစီးမှူးရုံး(ဘစမ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ညောင်ဦးခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၂၀) ရက်နေ့ (၁၇:၀၀)နာရီ ညောင်ဦးမြို့နယ်အတွင်းရှိ မြင်းကပါကျေးရွာ၊ မင်းနန်သူကျေးရွာနှင့် အနောက်ဖွားစောကျေးရွာများသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့အား ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ #ar #mdy_mar2020 Source: ညောင်ဦးမြို့နယ်ဉီးစီးမှူးရုံး(ဘစမ)
-
Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၂၀)ရက်နေ့ (၁၃:၃၀)အချိန်၌ မိုးညှင်းမြို့၊ စိန်ပတ်ထရိတ်IDPs စခန်းရှိ တိုက်ပွဲရှောင်ပြည်သူများနှင့် အောင်သပြေ-၃ရပ်ကွက်ရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုသိရှိစေရန်အတွက် ဆောင်ရန်/ရှောင်ရန်အချက်များအား Handspeaker ဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်းနှင့် စိန်ပတ်ထရိတ်တိုက်ပွဲရှောင်အိမ်ထောင်စု(၁၂)စုအတွက် (၁)အိမ်ထောင်စုလျှင် ဆပ်ပြာ(၁)တောင့်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_mar2020 Source: မိုးညှင်းခရိုင်ဉီးစီးမှူးရုံး(ဘစမ)
-
Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ညောင်ဦးခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၂၀) ရက်နေ့ (၁၀:၀၀)နာရီတွင် ညောင်ဦးမြို့နယ်အတွင်းရှိ အမှတ်(၆)ရပ်ကွက်၊ အောင်မြေသာရပ်၊ တက်သိမ်းရပ်၊ အရှေ့ဖွားစောကျေးရွာ၊ သူဌေးကန်ကျေးရွာ၊ ဖျောက်ဆိပ်ပင်ကျေးရွာ၊ ကုန်းတန်းကြီးကျေးရွာနှင့် သန့်စင်ကြယ်ကျေးရွာများသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့အား ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ #ar #mdy_mar2020 Source: ညောင်ဦးမြို့နယ်ဉီးစီးမှူးရုံး(ဘစမ)
-
Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၂၀)ရက် (၁၄:၁၅)နာရီတွင် စစ်တွေမြို့၊ ဆေးသမားကြီး IDPs Camp နေ ပြည်သူများအတွက် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်များအား မြို့နယ်မီးသတ်ဦးစီးဌာန၊ Camp ကော်မတီဝင်များနှင့်ပူးပေါင်း၍ အသိပေးဆော်သြခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_mar2020 Source: ရခိုင်ပြည်နယ်ဉီးစီးမှူးရုံး(ဘစမ)









