လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇.၃.၂၀၂၀)ရက်နေ့ ညနေ (၂၀း၃၀) အချိန်မှ (၂၂း၀၀) အချိန်အထိ ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အောင်တံခွန်၊ အောင်ချမ်းသာ၊ အောင်တော်မူ၊ ရွှေပေါက်ပင် ရပ်ကွက်များတွင်လှည့်လည်၍covid 19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mgy_mar2020
Source: ပေါက်မြို့နယ်ဉီးစီးမှူးရုံး(ဘစမ)