ပေါက်မြို့ အဝင်အထွက်ယာဉ်လိုင်းများအား COVID 19 နှင့်ပတ်သက်၍ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း

 

29_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈.၃.၂၀၂၀)ရက်နေ့ နံနက် (၀၉း၃၀) အချိန်မှ (၁၆း၀၀) အချိန်အထိ ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ပေါက်မြို့အဝင် ပေါက် – ပခုက္ကူ လမ်းမကြီးမှ ပေါက်မြို့တွင်းသို့ အဝင်အထွက် ယာဉ်လိုင်းများတွင်စီးနင်းလိုက်ပါသော ခရီးသည်များအား COVID 19 ရောဂါနှင့်
ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းကောက်ယူခြင်း၊ အသိပညာပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#mgy_mar2020

Source:           ပေါက်မြို့နယ်ဉီးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events