Latest News
-
မီးဘေးသင့်အိမ်ထောင်စုများအားထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၃-၂၀၂၀)ရက်နေ့၊ (၁၅း၃၀)နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ထိန်တောကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးမှ မီးဘေးသင့်ပျက်စီးနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၃)စုရှိ လူဦးရေ(၉)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၁၈၉၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၁၈၉၀၀)ကျပ် ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုး(ပလပ်စတစ်ပုံးအပါ) (၃)အိမ်ထောင်စာအား (၂၈-၃-၂၀၂၀)ရက်နေ့ (၁၅း၀ဝ)နာရီအချိန်တွင် မီးဘေးသင့်နေအိမ်၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #bgo_mar2020 Source: … Read more
-
COVID-19 နှင့်ပတ်သတ်၍ ဆောင်ရန်ရှောင်ရန်များအား အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၂၀) ရက်နေ့ နေ့လည် (၁၀:၃၀)မှ စတင်ပြီး မိုးညိုမြို့ပေါ်ရပ်ကွက်နှင့် မိုးညိုမြို့အနီးရှိ ကျေးရွာများသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့အား ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_mar2020 Source: မိုးညိုမြို့နယ်ဉီးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ (၂၈-၃-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်းရှိ ညောင်သပြေကျေးရွာ၊ ညောင်ဝန်းကျေးရွာနှင့် လောင်းကောင်းကျေးရွာများတွင် Covid-19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ်ပွားစေနိုင်ရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိ လိုက်နာဆောင်ရွက်ရန်များကို အသိပေးဆောင်ရွက်ခြင်းလုပ်ငန်းများ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_mar2020 Source: မော်လိုက်ခရိုင်ဉီးစီးမှူးရုံး(ဘစမ)
-
Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မတ်လ (၂၈) ရက်နေ့တွင် လူမူဝန်ထမ်းဉီးစီးဌာန၊ ဂရုဏာလူမူကူညီရေးအသင်းမှ တာဝန်ရှိသူများနှင့်အတူ ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDPs စခန်းများဖြစ်သော အမှတ် (၅) ရပ်ကွက်camp နှင့် ကာလိုင် (၂) camp များမှအိမ်ထောင်စု (၂၃၁) စု လူဉီးရေ (၁၃၆၀) ဉီးအား COVID-19 ရောဂါကူးစက်ပျံ့နှံမှုများ မဖြစ်ပွားစေရန်အတွက် လိုက်နာဆောင်ရွက်ရန် ပြည်သူသို့ပန်ကြားချက် စာစောင်များဖြန့်ဝေခြင်း၊ လက်ကိုင်စကားပြောစက်ဖြင့် ဆွေးနွေးဟောပြောခြင်း၊ လက်ဆေးဆပ်ပြာများ ဝေငှခြင်း တို့ကိုကွင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှု အခြေအနေတင်ပြခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရေပေါ်ဈေး၊ ဇင်ပြွန်းကုန်းကျေးရွာအုပ်စု၊ ဇင်ပြွန်းကုန်းကျေးရွာ၊ ရွှေမြင်တင်ကျေးရွာအုပ်စု၊ ဝါးယားချောင်းကျေးရွာနှင့် မရမ်းချောင်းကျေးရွာအုပ်စု၊ ဗျိုက်ကုန်းကျေးရွာတို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဦးစီဌာနမှ ဝန်ထမ်းများနှင့် အတူ (၂၈-၃-၂၀၂၀)ရက်နေ့၌ လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_mar2020 Source: ဧရာဝတီတိုင်းဒေသကြီးဉီးစီးမှူးရုံး(ဘစမ)
-
Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မတ်လ(၂၈) ရက်နေ့တွင် ထွေ/အုပ်၊ မီးသတ်၊ ကြက်ခြေနီ၊ စိမ်းလန်းဘဝလူမူဖွံ့ဖြိုးရေးအသင်း GLAD မိတ်ဆွေကောင်းပရဟိတအဖွဲ့များနှင့်အတူ နမ္မတူမြို့နယ်အတွင်းရှိ IDPs စခန်းများဖြစ်သည့် လီဆူ camp၊ ကြူဆော့ camp၊ ကချင်နှစ်ခြင်း camp များမှ အိမ်ထောင်စု (၁၂၉) စု လူဉီးရေ (၅၉၆)ဉီးအား COVID 19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ်ပွားစေရန်အတွက် လိုက်နာဆောင်ရွက်ရန် ပြည်သူသို့ပန်ကြားချက် စာစောင်များဖြန့်ဝေခြင်း လက်ကိုင်အသံချဲ့စက်ဖြင့် ဟောပြောဆွေးနွေးခြင်း ဗီနိုင်းစာစောင်များချိတ်ဆွဲခြင်း လက်ဆေးဆပ်ပြာများဝေငှခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း … Read more









