
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မတ်လ (၂၈) ရက်နေ့တွင် လူမူဝန်ထမ်းဉီးစီးဌာန၊ ဂရုဏာလူမူကူညီရေးအသင်းမှ တာဝန်ရှိသူများနှင့်အတူ ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDPs စခန်းများဖြစ်သော အမှတ် (၅) ရပ်ကွက်camp နှင့် ကာလိုင် (၂) camp များမှအိမ်ထောင်စု (၂၃၁) စု လူဉီးရေ (၁၃၆၀) ဉီးအား COVID-19 ရောဂါကူးစက်ပျံ့နှံမှုများ မဖြစ်ပွားစေရန်အတွက် လိုက်နာဆောင်ရွက်ရန် ပြည်သူသို့ပန်ကြားချက် စာစောင်များဖြန့်ဝေခြင်း၊ လက်ကိုင်စကားပြောစက်ဖြင့် ဆွေးနွေးဟောပြောခြင်း၊ လက်ဆေးဆပ်ပြာများ ဝေငှခြင်း တို့ကိုကွင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_mar2020
Source: ကွတ်ခိုင်မြို့နယ်ဉီးစီးမှူးရုံး(ဘစမ)