COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှု အခြေအနေတင်ပြခြင်း

 

29_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရေပေါ်ဈေး၊ ဇင်ပြွန်းကုန်းကျေးရွာအုပ်စု၊ ဇင်ပြွန်းကုန်းကျေးရွာ၊ ရွှေမြင်တင်ကျေးရွာအုပ်စု၊ ဝါးယားချောင်းကျေးရွာနှင့် မရမ်းချောင်းကျေးရွာအုပ်စု၊ ဗျိုက်ကုန်းကျေးရွာတို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဦးစီဌာနမှ ဝန်ထမ်းများနှင့် အတူ (၂၈-၃-၂၀၂၀)ရက်နေ့၌ လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#‌ayy_mar2020

Source:           ဧရာဝတီတိုင်းဒေသကြီးဉီးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events