Latest News
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့တွင်၊ မိုင်းပျဉ်းမြို့ မြို့ဈေး၊ မိုင်းပျဉ်းမြို့အထွက်ဂိတ်များတွင် လွတ်တော် ကိုယ်စာလှယ်၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွား စေရန် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပေးဟောပြောခြင်း၊ လက် ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #shn_mar2020 Source : မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါ ကူးစက်ပျံ့ပွားမှုများ မဖြစ်ပွားစေရန်နှင့် အများပြည်သူ သိရှိလိုက်နာ ဆောင်ရွက်ရန် အချက်များ လှည့်လည်ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့တွင် မအူပင်မြို့ နယ်၊ အောက်ထုံးကျေးရွာအုပ်စုရှိ ကျေးရွာခွဲ (၉) ရွာ၌ Covid-19 ရောဂါကူးစက်ပျံ့ပွားမှုများ မဖြစ်ပွား စေရန်အတွက် အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များအား လော်စပီကာ ဟန်းစပီကာ များဖြင့် လှည့်လည်ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_mar2020
-
COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများအား အသိပညာပေး ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့ပေါ်ရှိ ရပ်ကွက်များ၌ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူသို့အသိပညာပေးပန်ကြားချက်များအား လှည့်လည်ဟောပြောခြင်း၊ လက်ကမ်းစာစောင်ဝေငှပေး ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_mar2020
-
Covid-19 နှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင် / မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရက္ခိတလူမှုကူညီရေးအသင်းတို့နှင့် ပူးပေါင်း၍ (၂၉-၃-၂၀၂၀) ရက်နေ့၊ ( ၁၈ : ၀၀ ) နာရီမှ ( ၂၁ : ၀၀ ) နာရီချိန်အထိ သံတွဲမြို့၊ အမှတ်(၁) ရပ်ကွက်နှင့် အမှတ်(၂) ရပ်ကွက် အတွင်းလှည့်လည်ပြီး ကိုရိုနာဗိုင်းရပ်စ် ရောဂါ/ Covid-19 ကာကွယ်၊ တားဆီး၊ … Read more
-
COVID_19 နှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့၊(၀၈:၀၀)နာရီမှ (၁၁:၀၀)နာရီအထိ ဂန့်ဂေါမြို့နယ်၊ အနောက်ဂန့်ဂေါကျေးရွာ၊ ရှုံးရှီကျေးရွာ၊ အောင်မြင်ကျေးရွာ၊ ပျားကျေးရွာ တို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ အသိပေးဟောပြောလျက်ရှိကြောင်း သတင်းရရှိပါသည်။ #ar #mgy _mar2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများအား အသိပညာပေး ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀)ရက်နေ့တွင် စစ်တွေမြို့ ၊ မြို့ပေါ်ရပ်ကွက်များတွင် ပြည်သူများအတွက် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များအား အသိပေးနှိုးဆောင်မှုများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #rke_mar2020









