Covid-19     နှင့်ပတ်သက်၍  အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

 

30_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊    ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်   ခရိုင် / မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရက္ခိတလူမှုကူညီရေးအသင်းတို့နှင့် ပူးပေါင်း၍ (၂၉-၃-၂၀၂၀) ရက်နေ့၊ ( ၁၈ : ၀၀ ) နာရီမှ ( ၂၁ : ၀၀ ) နာရီချိန်အထိ  သံတွဲမြို့၊ အမှတ်(၁) ရပ်ကွက်နှင့် အမှတ်(၂) ရပ်ကွက် အတွင်းလှည့်လည်ပြီး ကိုရိုနာဗိုင်းရပ်စ် ရောဂါ/ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပန်ကြားချက်များအား ပြည်သူလူထုသို့ အသိပညာပေးလှည့်လည် ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#rke_mar2020

Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events