လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့၊(၀၈:၀၀)နာရီမှ (၁၁:၀၀)နာရီအထိ ဂန့်ဂေါမြို့နယ်၊ အနောက်ဂန့်ဂေါကျေးရွာ၊ ရှုံးရှီကျေးရွာ၊ အောင်မြင်ကျေးရွာ၊ ပျားကျေးရွာ တို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ အသိပေးဟောပြောလျက်ရှိကြောင်း သတင်းရရှိပါသည်။
#ar
#mgy _mar2020
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)