လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း - အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း - ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြဝတီရပ်ကွက်၊‌ နယ်မြေ(၁၃)၌ မီးဘေးထောက်ပံ့မှုသတင်း - လေသာကျောင်း ယာယီ​ရေ​ဘေးကယ်ဆယ်​ရေးစခန်းနှင့် မိုးလုံလေလုံ ယာယီ​ရေ​ဘေးကယ်ဆယ်​ရေး စခန်းတို့တွင် ရေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ မြိင်ကလေးစျေး၊ မြိုင်ကလေးကျေးရွာတို့၌  အသိပညာပေး ဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ ကူးဆိပ်ကျေးရွာ၊ လှာကာကျေးရွာ၊ ဘားပုကျေးရွာ၊ မုက္ကဒိကျေးရွာတို့၌ အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - ဘားအံမြို့နယ်၊ တရုတ်လှစံပြကျေးရွာ၊ ဘားကပ်ဈေး၊ ဘားကပ်ကျေးရွာ၊ ကော့ဂွန်းကျေးရွာ၊ နှစ်ခြားကျေး ရွာ၊ ရသေ့ပျံကျေးရွာတို့၌ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ်(၄၊ ၆၊ ၇၊ ၈)ရပ်ကွက်၊ သီရိဈေး၊ မြို့မဈေးကြီး၊ ကမော့ကစင်ရွာသစ်၊ ရဲသာရွာသစ်၊ နောင်လိုင်တို့၌  အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ အမှတ်(၁၊ ၂၊ ၃၊ ၅၊ ၉) ရပ်ကွက်၊ လှာကမြင်စျေး၊ လှာကမြင်ကွက် သစ်တို့၌ အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ လက်ခုပ်ကျေးရွာအုပ်စု၊ လက်ခုပ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးထောက်ပံ့မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊‌ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာနှင့် ကော့ထော်ကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ ပြည်သူသို့ အသိပညာပေးပန်ကြားချက်ကို လှည့်လည်အသိပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိိပါသည်။ #ar #mon_mar2020 Source:           သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)  

  • COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုင်းဖြတ်မြို့နယ်ရဲတပ်ဖွဲ့၊ ရဲမှူးနှင့်အဖွဲ့၊ မြို့နယ်ထွေအုပ်၊ မြို့နယ်ပြန်ဆက်ဦးစီးမှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ (၂၉-၃-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်မှစ၍ မြို့‌ပေါ်ရပ်ကွက်များဖြစ်သည့် ဈေးတန်းရပ်ကွက်၊ ဝမ်မိုင်းရပ်ကွက်၊ ယန်းခမ်းကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို မြန်မာ၊ ရှမ်းဘာသာစကားများဖြင့် အသိပညာပေးခြင်းနှင့် ပြည်သူသို့ပန်ကြားချက်လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိိပါသည်။ #ar #shn_mar2020 Source:           မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)    

  • COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်ဆေးဆပ်ပြာ ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့ (၁၁:၄၀) နာရီ အချိန်၌ မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့၊ နန့်မွန်းနှစ်ခြင်းဘုရားကျောင်း IDPs စခန်းရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ လက်ကမ်းစာစောင်များဖြင့် အသိ ပညာပေးဆောင်ရွက်ခဲ့ပါကြောင်းနှင့် စခန်းရှိ အိမ်ထောင်စု (၂၀) စုအတွက် (၁) စုလျှင် ဆပ်ပြာ (၁) တောင့်နှုန်း ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #kcn_mar2020

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့တွင် မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး အတွင်း/အပြင် covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရန် ပိုးသတ်ဆေးဖြန်းခြင်းများ၊ မိုင်းပျဉ်းမြို့၊ မြို့အဝင်အထွက်များတွင် ခရီးသည်များအပူချိန်တိုင်းတာခြင်း၊ covid-19 ရောဂါနှင့် ပက်သက်သော ဆောင်ရန် /ရှောင်ရန်များ အသိပေးခြင်း လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ ကြောင်းသတင်းရရှိပါသည်။ #ar #shn_mar2020 Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများအား အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) အချိန်မှ (၀၉:၁၀) နာရီအချိန်အထိ ကျောက်ဖြူမြို့နယ်၊ တိုးချဲ့ရပ်ကွတ်တွင် COVID-19 ရောဂါ နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန် လက်ကမ်း စာစောင် များ ဖြန့်ဝေခြင်း၊ Hand Speaker ဖြင့် လိုက်လံနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #rke_mar2020

  • COVID_19 နှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့၊နံနက်(၁၀:၀၀)နာရီမှစ၍ မိုင်းဖြတ်မြို့နယ်ရဲတပ်ဖွဲ့၊ ရဲမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ဆက်ဦးစီးမှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ မြို့‌ပေါ်ရပ်ကွက်များဖြစ်ကြ‌သော ဈေးတန်းရပ်ကွက်၊ ဝမ်မိုင်းရပ်ကွက်၊ ယန်းခမ်းကျေးရွာတို့ကို COVID-19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ်ပွားစေရန်အတွက် လိုက်နာရန်၊ ဆောင်ရွက်ရန်များ၊ ပြည်သူသို့ ပန်ကြားချက်လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မြန်မာ၊ ရှမ်းဘာသာစကားများဖြင့် အသိပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn _mar2020