လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့၊နံနက်(၁၀:၀၀)နာရီမှစ၍ မိုင်းဖြတ်မြို့နယ်ရဲတပ်ဖွဲ့၊ ရဲမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ဆက်ဦးစီးမှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များဖြစ်ကြသော ဈေးတန်းရပ်ကွက်၊ ဝမ်မိုင်းရပ်ကွက်၊ ယန်းခမ်းကျေးရွာတို့ကို COVID-19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ်ပွားစေရန်အတွက် လိုက်နာရန်၊ ဆောင်ရွက်ရန်များ၊ ပြည်သူသို့ ပန်ကြားချက်လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မြန်မာ၊ ရှမ်းဘာသာစကားများဖြင့် အသိပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#shn _mar2020