COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

 

30_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုင်းဖြတ်မြို့နယ်ရဲတပ်ဖွဲ့၊ ရဲမှူးနှင့်အဖွဲ့၊ မြို့နယ်ထွေအုပ်၊ မြို့နယ်ပြန်ဆက်ဦးစီးမှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ (၂၉-၃-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်မှစ၍ မြို့‌ပေါ်ရပ်ကွက်များဖြစ်သည့် ဈေးတန်းရပ်ကွက်၊ ဝမ်မိုင်းရပ်ကွက်၊ ယန်းခမ်းကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို မြန်မာ၊ ရှမ်းဘာသာစကားများဖြင့် အသိပညာပေးခြင်းနှင့် ပြည်သူသို့ပန်ကြားချက်လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိိပါသည်။

#ar

#shn_mar2020

Source:           မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

 

 

Sign Up

Upcoming Events