Latest News
-
COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ မာဃသဟာယလူမှုအထောက်အကူပြု အဖွဲ့တို့ ဖြင့်ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ် စိန်ဒူးကျေးရွာ၊ ရွာစည်ကျေးရွာ၊ လာပို့ကျေးရွာများသို့(၃၀-၃-၂၀၂၀) ရက်နေ့ (၀၈:၃၀)နာရီမှ (၁၃:၃၀)နာရီအချိန်ထိ COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန်အချက်များကို ပြည်သူများသို့ အသိပညာပေးလှည့်လည်၍ နှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_Mar2020
-
ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ကြက်ခြေနီအသင်း၊ အရေးပေါ်ကယ်ဆယ်ရေး၊ မျိုးဆက်လူမှုကူညီရေး-ချောင်းကြီးတို့နှင့်အတူ ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စုအတွင်းရှိကျေးရွာများ၌ Covid-19 ရောဂါ ကူးစက်ပျံ့ပွားမှုများ မဖြစ်ပွားစေရန်အတွက် အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များအား လော်စပီကာဖြင့် လှည့်လည်ဟောပြောခြင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်မှစတင်၍ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ သိလ္လာကျေးရွာအုပ်စု၊ သိလ္လာကျေးရွာ၊ တောင်ပေါ်စုကျေးရွာအုပ်စု၊ တောင်ပေါ်စုကျေးရွာနှင့် ကညင်ကိုင်းကျေးရွာအုပ်စု၊ ကညင်ကိုင်းကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_mar2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
(COVID-19) ကူးစက်ရောဂါနှင့် ပက်သက်၍ အသိပေးကြေညာဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့ တွင် (၁၆:၀၀) နာရီမှစတင်၍ (၁၉:၀၀) နာရီအချိန်ထိ ရေစကြိုမြို့၊ ဝါယာ ကျေးရွာအုပ်စု လက်ပံပင်ကျေးရွာနှင့် ကံစွယ်ကျေးရွာများသို့ (COVID-19) ရောဂါကူးစက်ပျံ့ နှံ့မှုများ မဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရန်များ အသိပေးကြေညာဆောင်ရွက် ခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_mar2020 Source:ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီအချိန်မှ (၁၆:၀၀) နာရီအချိန်ထိမွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ သီရိမာလာရပ်ကွက်၊ သီရိနန္ဒာရပ်ကွက်၊ ချောင်းတောင်ကျေးရွာအုပ်စုနှင့် ရေးမြို့မြသီတာဈေးတို့တွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးခြင်းနှင့်လက်ကမ်းစာစောက်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_mar2020 Source: ရေးမြို့နယ်ဉီးစီးမှူးရုံး(ဘစမ)
-
COVID-19 ရောဂါပျံ့နှံမှုများမဖြစ်ပွားစေရန်အတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ကော့ကရိတ်ခရိုင်ဉီးစီးမှူးရုံးမှတာဝန်ရှိသူများသည် မီးသတ်ဉီးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၃၀-၃-၂၀၂၀) ရက်နေ့တွင် နံနက်(၉:၀၀)ချိန်မှ (၁၁)ချိန်ထိ ကော့ကရိတ်မြို့၊ မြို့မစျေး၌ လည်းကောင်း၊ နေ့လည် (၁၃:၀၀) နာရီမှ(၁၆:၀၀) နာရီအထိ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များဖြစ် သည့် အမှတ်(၁)၊(၂)၊(၄)၊(၅)၊(၆)၊(၇) ရပ်ကွက်များသို့လည်းကောင်း မော်တော်ယာဉ်ဖြင့် COVID-19 ရောဂါပျံ့နှံမှုများမဖြစ်ပွားစေရန်အတွက် အသိပညာပေးလုပ်ငန်းများအား လော်စမီကာဖြင့် ကြေညာ ခြင်း၊ လက်ကမ်း စာစောင်ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ … Read more









