အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း - ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြဝတီရပ်ကွက်၊‌ နယ်မြေ(၁၃)၌ မီးဘေးထောက်ပံ့မှုသတင်း - လေသာကျောင်း ယာယီ​ရေ​ဘေးကယ်ဆယ်​ရေးစခန်းနှင့် မိုးလုံလေလုံ ယာယီ​ရေ​ဘေးကယ်ဆယ်​ရေး စခန်းတို့တွင် ရေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ မြိင်ကလေးစျေး၊ မြိုင်ကလေးကျေးရွာတို့၌  အသိပညာပေး ဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ ကူးဆိပ်ကျေးရွာ၊ လှာကာကျေးရွာ၊ ဘားပုကျေးရွာ၊ မုက္ကဒိကျေးရွာတို့၌ အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - ဘားအံမြို့နယ်၊ တရုတ်လှစံပြကျေးရွာ၊ ဘားကပ်ဈေး၊ ဘားကပ်ကျေးရွာ၊ ကော့ဂွန်းကျေးရွာ၊ နှစ်ခြားကျေး ရွာ၊ ရသေ့ပျံကျေးရွာတို့၌ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ်(၄၊ ၆၊ ၇၊ ၈)ရပ်ကွက်၊ သီရိဈေး၊ မြို့မဈေးကြီး၊ ကမော့ကစင်ရွာသစ်၊ ရဲသာရွာသစ်၊ နောင်လိုင်တို့၌  အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ အမှတ်(၁၊ ၂၊ ၃၊ ၅၊ ၉) ရပ်ကွက်၊ လှာကမြင်စျေး၊ လှာကမြင်ကွက် သစ်တို့၌ အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ လက်ခုပ်ကျေးရွာအုပ်စု၊ လက်ခုပ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာ အ.ထ.က(ခွဲ)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့ (၁၀း၃၀) အချိန်မှ(၁၃း၃၀) အချိန်ထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက် များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို လယ်ဝေးမြို့နယ်၊ ဒါးမကျကျေးရွာ၊ တံတားဦးကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ကန်ချိုင်းကျေးရွာ၊ ကန်ရှေ့ကျေးရွာနှင့် ကန်သာကျေးရွာများအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_apr2020

  • (COVID-19) ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရေး အများပြည်သူအား အသိပညာပေး လှည့်လည်​ဆောင်ရွက်နေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀)ရက်နေ့တွင် ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ သဲကုန်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များရှိ ရုံးလမ်း၊ မြကေသီလမ်း၊ ဘုရားကြီးလမ်းနှင့် နေကျော်တန်းလမ်း၊ လမ်းမတော်လမ်း၊ ဆရာအတတ်သင် (၁)လမ်းနှင့် (၂)လမ်းထောင့်၊ အရှေ့မြို့ပတ်လမ်း၊ စာရင်းရုံးလမ်း၊ အား/ကာ ကွက်သစ်(၁)လမ်း၊ အရှေ့ပေါက်တောလမ်း၊ တပ်ရွာလမ်းနှင့် ရွှေဘုန်းရှိန်လမ်းတို့တွင် COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှုများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_apr 2020 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီ အချိန်မှ၊ (၁၄:၀၀) နာရီအချိန်ထိ ဂန့်ဂေါမြို့နယ်၊ ပြစ်မကျေးရွာ၊ လယ်မကျေးရွာနှင့် မဲကျေးရွာ တို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို လူမှု ဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_apr2020

  • COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁.၄.၂၀၂၀)ရက်နေ့တွင် ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အမှတ်(၄)ရပ်ကွက်အတွင်းရှိ ပြည်သူများအား covid19 ရောဂါနှင့်ပက်သက်၍ အသိပညာပေးခြင်း၊ လက်ကမ်း စာစောင်ဖြန့်ဝေခြင်းများ၊ လိုက်လံဆော်သြခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #tny_apr2020

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းဖြတ်မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့မရဲစခန်း၊ရဲမှူးနှင့်အဖွဲ့၊မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပြန်ဆက်ဦးစီးဌာန၊ မြို့နယ်တိ/ကုဌာနတို့နှင့် ပူးပေါင်း၍ (၁-၄-၂၀၂၀) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီမှစ၍ မိုင်းဖြတ်မြို့နယ်၊ ဆိုက်ခေါင်‌ကျေးရွာ၊ ဆွတ်ပန်း ကျေးရွာနှင့် မြို့ပူးပေါင်းစစ်ဆေးဂိတ်တို့တွင် COVID-19 ရောဂါကူးစက် ပျံ့နှံ့မှုများ မဖြစ်ပွား စေရန်အတွက် လိုက်နာရန်၊ ဆောင်ရွက်ရန်များ၊ ပြည်သူသို့ပန်ကြားချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မြန်မာ၊ အာခါ၊ ရှမ်းဘာသာစကားတို့ဖြင့် အသိပေးဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ ပါကြောင်း သတင်း ရရှိပါသည်။ … Read more

  • COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့ တွင် ချောက်မြို့နယ်အတွင်းရှိ မိုလာကျေးရွာနှင့် ဘုန်းဘွဲ့ကျေးရွာများသို့ COVID-19 ကူးစက် ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သတ်သည့် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။   #ar #mgy_mar2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)