(COVID-19) ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရေး အများပြည်သူအား အသိပညာပေး လှည့်လည်​ဆောင်ရွက်နေမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀)ရက်နေ့တွင် ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ သဲကုန်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များရှိ ရုံးလမ်း၊ မြကေသီလမ်း၊ ဘုရားကြီးလမ်းနှင့် နေကျော်တန်းလမ်း၊ လမ်းမတော်လမ်း၊ ဆရာအတတ်သင် (၁)လမ်းနှင့် (၂)လမ်းထောင့်၊ အရှေ့မြို့ပတ်လမ်း၊ စာရင်းရုံးလမ်း၊ အား/ကာ ကွက်သစ်(၁)လမ်း၊ အရှေ့ပေါက်တောလမ်း၊ တပ်ရွာလမ်းနှင့် ရွှေဘုန်းရှိန်လမ်းတို့တွင် COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှုများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#bgo_apr 2020

Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events