လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့ (၁၀း၃၀) အချိန်မှ(၁၃း၃၀) အချိန်ထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက် များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို လယ်ဝေးမြို့နယ်၊ ဒါးမကျကျေးရွာ၊ တံတားဦးကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ကန်ချိုင်းကျေးရွာ၊ ကန်ရှေ့ကျေးရွာနှင့် ကန်သာကျေးရွာများအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
#ar
#npw_apr2020