အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း - ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြဝတီရပ်ကွက်၊‌ နယ်မြေ(၁၃)၌ မီးဘေးထောက်ပံ့မှုသတင်း - လေသာကျောင်း ယာယီ​ရေ​ဘေးကယ်ဆယ်​ရေးစခန်းနှင့် မိုးလုံလေလုံ ယာယီ​ရေ​ဘေးကယ်ဆယ်​ရေး စခန်းတို့တွင် ရေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ မြိင်ကလေးစျေး၊ မြိုင်ကလေးကျေးရွာတို့၌  အသိပညာပေး ဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ ကူးဆိပ်ကျေးရွာ၊ လှာကာကျေးရွာ၊ ဘားပုကျေးရွာ၊ မုက္ကဒိကျေးရွာတို့၌ အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - ဘားအံမြို့နယ်၊ တရုတ်လှစံပြကျေးရွာ၊ ဘားကပ်ဈေး၊ ဘားကပ်ကျေးရွာ၊ ကော့ဂွန်းကျေးရွာ၊ နှစ်ခြားကျေး ရွာ၊ ရသေ့ပျံကျေးရွာတို့၌ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ်(၄၊ ၆၊ ၇၊ ၈)ရပ်ကွက်၊ သီရိဈေး၊ မြို့မဈေးကြီး၊ ကမော့ကစင်ရွာသစ်၊ ရဲသာရွာသစ်၊ နောင်လိုင်တို့၌  အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ အမှတ်(၁၊ ၂၊ ၃၊ ၅၊ ၉) ရပ်ကွက်၊ လှာကမြင်စျေး၊ လှာကမြင်ကွက် သစ်တို့၌ အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ လက်ခုပ်ကျေးရွာအုပ်စု၊ လက်ခုပ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာ အ.ထ.က(ခွဲ)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့တွင် ဗန်းမော်မြို့နယ်ရှိ ဆင်ကုန်းရပ်ကွက်၊ သီရိရပ်ကွက်နှင့် ပေါက်ကုန်းရပ်ကွက်၊ စုစုပေါင်းရပ်ကွက်(၃)ခုအတွင်း၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ပြည်သူသို့ပန်ကြားချက်များကို Hand Speaker များဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_apr2020 Source:           ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)  

  • COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့၊ (၀၈:၃၀)နာရီအချိန်တွင် ဘိုကလေး မြို့နယ်၊ စက်ဆန်းကျေးရွာအုပ်စု၊ စက်ဆန်းကျေးရွာ၌လည်းကောင်း၊ (၁၂:၀၀)နာရီအချိန်တွင် အောင်ချမ်းသာကျေးရွာ​၌လည်းကောင်း၊ (၁၄:၀၀)နာရီအချိန်တွင် အစိကြီးကျေးရွာ၌လည်းကောင်း၊ (၁၆:၀၀)နာရီအချိန်တွင် အစိလေးကျေးရွာ၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို လူမှုဝန်ထမ်းဦးစီးဌာနမှတာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာရှိအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ အသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source:           ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)    

  • COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ ကမော့လဲကျေးရွာအုပ်စုရှိ မအဲကျေးရွာနှင့် သစ္စာမြိုင်ကျေးရွာ၊ ရွှေဂွန်းကျေးရွာ၊ ဂျို့ချောင်းကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ အသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_apr2020 Source:           ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)  

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့၊ (၂၃:၃၀) နာရီအချိန်တွင် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ သစ္စာအေးမြိုင်ရပ်ကွက်၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် (ပျဉ်ထောင်၊ ပျဉ်ခင်း၊ သွပ်မိုး) နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၇)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၅၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၄,၇၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးအိမ်ထောင်စု(၁)စုစာတို့ကို (၃၁-၃-၂၀၂၀)ရက်နေ့၊ (၁၁:၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #krn_apr2020 Source:           ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)  

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    ​​ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများမှဦးဆောင်၍ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး (၁-၄-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်မှ (၁၄:၃၀) နာရီအချိန်ထိမွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ် ကဒါရပ်ကွက်စျေး မြို့သစ်(၈)လမ်း ကဒုံစီးစျေးလမ်းနှင့် ဇင်းကျိုက်မြို့ ဖလပ်ရပ်ကွက် ဆားဖိုစုရပ်ကွက် ဇင်းကျိုက်ရပ်ကွက် ခလောက်အင်း ရပ်ကွက်တို့တွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင် ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_apr2020 Source:  ‌သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    ​​ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေးမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီအချိန်မှ (၁၆:၀၀) နာရီအချိန်ထိမွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊‌‌ ရေးမြို့နယ်၊ သီရိနန္ဒာရပ်ကွက်၊ အဏ္ဏာဝါရပ်ကွက်၊ အဘော်ကျေးရွာအုပ်စု၊ နေရပ်ပြန်ပြည်သူများထားရှိရာ နေရာများနှင့် လူစည်ကားသောနေရာတို့တွင် COVID – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးခြင်းနှင့်လက်ကမ်းစာစောက်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_apr2020 Source:  ‌ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)