လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့၊ (၀၈:၃၀)နာရီအချိန်တွင် ဘိုကလေး မြို့နယ်၊ စက်ဆန်းကျေးရွာအုပ်စု၊ စက်ဆန်းကျေးရွာ၌လည်းကောင်း၊ (၁၂:၀၀)နာရီအချိန်တွင် အောင်ချမ်းသာကျေးရွာ၌လည်းကောင်း၊ (၁၄:၀၀)နာရီအချိန်တွင် အစိကြီးကျေးရွာ၌လည်းကောင်း၊ (၁၆:၀၀)နာရီအချိန်တွင် အစိလေးကျေးရွာ၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို လူမှုဝန်ထမ်းဦးစီးဌာနမှတာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာရှိအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ အသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_apr2020
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)