လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေးမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီအချိန်မှ (၁၆:၀၀) နာရီအချိန်ထိမွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ သီရိနန္ဒာရပ်ကွက်၊ အဏ္ဏာဝါရပ်ကွက်၊ အဘော်ကျေးရွာအုပ်စု၊ နေရပ်ပြန်ပြည်သူများထားရှိရာ နေရာများနှင့် လူစည်ကားသောနေရာတို့တွင် COVID – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးခြင်းနှင့်လက်ကမ်းစာစောက်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mon_apr2020
Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)