Latest News
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက် ခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျေးရွာ ရပ်မိ/ဖ များနှင့် ပူးပေါင်းပြီး (၂.၄.၂၀၂၀) ရက်နေ့တွင် ဖဲဂဇက်ကျေးရွာတွင် COVID.19 ရောဂါကူးစက်ပြန့်ပွါးမှုမရှိစေရေး ပြည်သူများအလွယ်တကူသိစေနိုင်ရေး အသိပညာပေးလှည့်လည်ကြေငြာခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များအားဖြန့်ဝေခြင်း၊ လူစည်ကားရာနေများတွင် အသိပညာပေးစာစောင်များ နံရံပေါ်တွင် ကပ်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး မှ တာ၀န်ရှိသူများသည် (၂-၄-၂၀၂၀)ရက်နေ့၌ လတ်တစ်လော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID – 19 ကူးစက်ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စု၊ နောင်နွန်းကျေးရွာနှင့် ပန်ဟွန်းကျေးရွာတို့တွင် COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ (၂-၄-၂၀၂၀)ရက်နေ့ နံနက်(9:00)နာရီချိန်မှ (12:00) ချိန်ထိ ကော့ကရိတ်မြို့နယ်အတွင်းရှိ ချောင်းတောင်ကျေးရွာ၊ ကော့နွဲကျေးရွာနှင့် ရန်ကုတ်ကျေးရွာတို့၌ COVID-19 ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များအား အသံချဲ့စက်ဖြင့် အသိပညာပေးကြေညာခြင်းနှင့် ပြည်သူသို့ ပန်ကြားချက်များအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊ မယ်ကျန်းကျေးရွာ၊ ကောင်းမှူးတန်ကျေးရွာ၊ တန့်ဆိုင်ကျေးရွာ၊ ပန်ဟိုက်ကျေးရွာ၊ ဝမ်မိုင်ကျေးရွာများသို့ လှည့်လည်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ COVID-19နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့စက် ဖြင့် လှည့်လည်ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_apr2020
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက် ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့်ပူးပေါင်း၍ (၂.၄.၂၀၂၀) ရက်နေ့၌ သရက်ချောင်း မြို့နယ်အတွင်းရှိ ပိန်းတောကျေးရွာနှင့် ကဇိကျေးရွာတို့တွင် လော်စပီကာ၊hand speaker တို့ဖြင့် Covid-19 ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းနှင့် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော (covid-19)ရောဂါနှင့်ပက်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း များ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_apr2020 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၄-၂၀၂၀)ရက်နေ့ (၁၀၃၀)အချိန်၌ မိုးကောင်းမြို့နယ်၊ ကျွန်းတောရပ်ကွက်၊ နှစ်ခြင်းဘုရားကျောင်း IDPs စခန်းရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဝေငှခြင်းတို့ဆောင်ရွက်ခဲ့ပြီး စခန်းရှိအိမ်ထောင်စု(၁၃)စုအတွက် (၁)စုလျှင် ဆပ်ပြာ(၁)တောင့်နှုန်းဖြင့် (၁၃)တောင့် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။









