လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက် ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့်ပူးပေါင်း၍ (၂.၄.၂၀၂၀) ရက်နေ့၌ သရက်ချောင်း မြို့နယ်အတွင်းရှိ ပိန်းတောကျေးရွာနှင့် ကဇိကျေးရွာတို့တွင် လော်စပီကာ၊hand speaker တို့ဖြင့် Covid-19 ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းနှင့် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော (covid-19)ရောဂါနှင့်ပက်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း များ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#tny_apr2020
Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)