အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း - ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြဝတီရပ်ကွက်၊‌ နယ်မြေ(၁၃)၌ မီးဘေးထောက်ပံ့မှုသတင်း - လေသာကျောင်း ယာယီ​ရေ​ဘေးကယ်ဆယ်​ရေးစခန်းနှင့် မိုးလုံလေလုံ ယာယီ​ရေ​ဘေးကယ်ဆယ်​ရေး စခန်းတို့တွင် ရေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ မြိင်ကလေးစျေး၊ မြိုင်ကလေးကျေးရွာတို့၌  အသိပညာပေး ဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ ကူးဆိပ်ကျေးရွာ၊ လှာကာကျေးရွာ၊ ဘားပုကျေးရွာ၊ မုက္ကဒိကျေးရွာတို့၌ အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - ဘားအံမြို့နယ်၊ တရုတ်လှစံပြကျေးရွာ၊ ဘားကပ်ဈေး၊ ဘားကပ်ကျေးရွာ၊ ကော့ဂွန်းကျေးရွာ၊ နှစ်ခြားကျေး ရွာ၊ ရသေ့ပျံကျေးရွာတို့၌ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ်(၄၊ ၆၊ ၇၊ ၈)ရပ်ကွက်၊ သီရိဈေး၊ မြို့မဈေးကြီး၊ ကမော့ကစင်ရွာသစ်၊ ရဲသာရွာသစ်၊ နောင်လိုင်တို့၌  အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ အမှတ်(၁၊ ၂၊ ၃၊ ၅၊ ၉) ရပ်ကွက်၊ လှာကမြင်စျေး၊ လှာကမြင်ကွက် သစ်တို့၌ အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ လက်ခုပ်ကျေးရွာအုပ်စု၊ လက်ခုပ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာ အ.ထ.က(ခွဲ)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • COVID-19 နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ ပန်ကြားချက်အသိပညာပေးဟောပြောမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၄-၄-၂၀၂၀ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်၊ အင်မိန်းဟိုကျန့်အုပ်စု ၊ မန်နောင်ကျေးရွာနှင့်အပါးချီကျေးရွာများသို့ လှည့်လည်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ COVID-19 နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ ပန်ကြားချက်အသိပညာပေးမှုအား လက်ကိုင်စကားပြောစက် ဖြင့် လှည့်လည်ဟောပြောခြင်းနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_apr2020 Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများသို့ အသိပညာပေးပန်ကြားချက်နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၄-၄-၂၀၂၀) ရက်နေ့တွင် ဆင်ပေါင်ဝဲမြို့နယ်၊ လက်ပံငူကျေးရွာ၊ မိုးနတ်ကုန်းကျေးရွာ၊ အင်းမကုန်းကျေးရွာတို့တွင် Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများသို့ အသိပညာပေးပန်ကြားချက်နှင့် လက်ကမ်းစာစောင်များဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #mgy_apr2020 Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ရောဂါကူးစက်ပျံ့နှံမှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၄-၂၀၂၀) ရက်နေ့တွင် မိုင်းပျဉ်းမြို့နယ် ဝမ်ဖြစ်ကျေးရွာနှင့် နောင်ဟွမ်းကျေးရွာတို့တွင် Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို ဗမာဘာသာ၊ ရှမ်းဘာသာ၊ လားဟူဘာသာတို့ဖြင့် အသိပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ပြုလုပ်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_apr2020

  • COVID-19 ကူးစက်ရောဂါပျံ့နှံမှုမဖြစ်ပွားစေရေးအတွက် အများပြည်သူများထံသို့ အသိပေးနှိုးဆော်ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၄-၂၀၂၀) ရက်နေ့တွင် ကျွန်းလှမြို့(မြို့ပေါ်ရပ်ကွက်များ)နှင့် ကျေးရွာ (၅) ရွာသို့ ကျွန်းလှမြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ကြီးကြပ်မှုဖြင့် မီးသတ်ဦးစီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းပြီး COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုမဖြစ်ပွားစေရေး အတွက် အများပြည်သူများသို့ သိရှိလိုက်နာဆောင်ရွက်ရန်များကို အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_apr2020

  • COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဉီးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် မြတ်ပါရမီပရဟိတအသင်းတို့ ပူးပေါင်း၍(၄-၄-၂၀၂၀)ရက်နေ့တွင် သရက်မြို့နယ်အတွင်းရှိ တုတ်ကိုင်းကျေးရွာ၊ အင်းလယ်ကျေးရွာ၊ သရက်မြင့်ကျေးရွာနှင့် ဘော်ကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mgy_apr2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းကွင်းဆင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့်အတူ (၄-၄-၂၀၂၀)ရက်နေ့တွင် မုံရွာခရိုင်၊ အရာတော်မြို့နယ်အတွင်းရှိ ဝါးတန်းကျေးရွာ၊ ဆူးလေကုန်းကျေးရွာ၊ ရွာရှည်ကျေးရွာ၊ ဝါးပြစ်မကျေးရွာ၊ မိုဃ်းကာင်းကျေးရွာ၊ တောင်ရိုးကျေးရွာ၊ ကံစွယ်ကျေးရွာ၊ ရေတွင်းချောင်ကျေးရွာ၊ ဖားအောင်းတွင်းကျးရွာ၊ စည်ပင်သာကျေးရွာနှင့် ကျွန်းဖိုပင်ကျေးရွာများတွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် အများပြည်သူများ အလွယ်တကူ သိရှိလိုက်နာဆောင်ရွက်ရန်များကို အသိပေးဆောင်ရွက်ခြင်းလုပ်ငန်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းပေးပို့အပ်ပါသည်။ #ar #sgg_apr2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)