COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းကွင်းဆင်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့်အတူ (၄-၄-၂၀၂၀)ရက်နေ့တွင် မုံရွာခရိုင်၊ အရာတော်မြို့နယ်အတွင်းရှိ ဝါးတန်းကျေးရွာ၊ ဆူးလေကုန်းကျေးရွာ၊ ရွာရှည်ကျေးရွာ၊ ဝါးပြစ်မကျေးရွာ၊ မိုဃ်းကာင်းကျေးရွာ၊ တောင်ရိုးကျေးရွာ၊ ကံစွယ်ကျေးရွာ၊ ရေတွင်းချောင်ကျေးရွာ၊ ဖားအောင်းတွင်းကျးရွာ၊ စည်ပင်သာကျေးရွာနှင့် ကျွန်းဖိုပင်ကျေးရွာများတွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် အများပြည်သူများ အလွယ်တကူ သိရှိလိုက်နာဆောင်ရွက်ရန်များကို အသိပေးဆောင်ရွက်ခြင်းလုပ်ငန်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းပေးပို့အပ်ပါသည်။
#ar
#sgg_apr2020
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
 

Sign Up

Upcoming Events