လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဉီးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် မြတ်ပါရမီပရဟိတအသင်းတို့ ပူးပေါင်း၍(၄-၄-၂၀၂၀)ရက်နေ့တွင် သရက်မြို့နယ်အတွင်းရှိ တုတ်ကိုင်းကျေးရွာ၊ အင်းလယ်ကျေးရွာ၊ သရက်မြင့်ကျေးရွာနှင့် ဘော်ကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)