Latest News
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဉီးစီးမှူးရုံးနှင့် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှူးရုံးတို့ပူးပေါင်း၍ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်၊ မြို့သစ်ရပ်ကွက်၊ မကျီးတန်းရပ်ကွက်၊တာလမ်းသစ်ရပ်ကွက်၊ဘုရားလမ်းရပ်ကွက်များတွင်၎င်း၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၊ ကြားတောရ၊ ရွှေတောင်ကြားအမှတ်-၁၊ ဆရာစံမြောက်/အနောက်၊ ဂွတ္တလစ်တောင်၊ ဆရာစံတောင်၊ကျိုက္ကဆံ၊ဗိုလ်စိန်မှန်၊ အလယ်ရွှေဂုံတိုင်၊ ငါးထပ်ကြီးတောင်ရပ်ကွက်များတွင်၄င်း Covid19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာရန်အချက်များအား ကွင်းဆင်း၍ အသိပညာပေးပန်ကြားချက်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော လက်ကမ်း စာစောင်များအား အရာထမ်းအမှုထမ်းများမှရပ်ကွက်များအတွင်း ကြောငြာခြင်း၊ဖြန့်ဝေခြင်းစသည့် ပြည်သူအသိပညာ ပေးလုပ်ငန်းများအား သက်ဆိုင်ရာ ကျန်းမာရေးဌာန၊ မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar … Read more
-
Covid 19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃-၄-၂၀၂၀) ရက်နေတွင် (၈:၀၀)အချိန်မှ (၁၇:၃၀)အချိန်ထိ ကနီမြို့နယ်အတွင်းရှိ ထူးကျေးရွာ၊ တောင်ပေါက်(န)ကျေးရွာ တောင်ပေါက်(ရ)ကျေးရွာ၊ သလင်းကျေးရွာ၊ သင်းကန်ကျေးရွာ၊ ရေယဉ်ကျေးရွာ၊ အောင်သပြေကျေးရွာ၊ ရွာမကျေးရွာ၊ ရေဖြူကျေးရွာများအတွင်း အသံချဲ့ စက်ဖြင့် Covid 19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာရန်အချက်များအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ ကျေးလက်ကျန်းမာရေးဆရာမ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ရပ်ကျေးစာရေးများ ကျေးရွာခွဲ တာဝန်ခံများနှင့်အတူ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းနှင့် ပြည်သူသို့ပန်ကြားချက်များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။ #ar #sgg_apr2020 Source: … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက် မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး (ညဥ/ကပတ)တို့မှ ဝန်ထမ်းများ၊ လူငယ့်ရေးရာကော်မတီမှ အဖွဲ့ဝင်များနှင့်အတူ (၄-၄-၂၀၂၀) ရက်နေ့တွင် (၀၈:၃၀) နာရီမှ (၁၈:၃၀) နာရီအထိ ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်း တောင်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၂၉)ရွာမှ မိဘပြည်သူများအား Covid-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးနှင့်စပ်လျဉ်းပြီး သိရှိလိုက်နာရမည့်အချက်များကို အသိပညာပေးနှိုးဆော် ခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mdy_apr2020 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၄-၂၀၂၀) ရက်နေ့တွင် ကျောက်မြောင်းမြို့၊ ရပ်ကွက်(၁ ၊ ၂ ၊ ၃ ၊ ၄)၊ ရွှေဂွန်၊ မလား၊ မခေါက်၊ ကုလားမ၊ ဆယ်ပင်ကျွန်း၊ ဂွေးပင်ကုန်း၊ ကံကြီးတော၊ အုန်းပေါက်၊ တည်ပင်၊ မအူကျေးရွာတို့တွင် Covid-19 ရောဂါကူးစက် ပျံ့နှံမှုများမဖြစ်ပွားစေနိုင်ရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိ လိုက်နာဆောင်ရွက် ရန် များကို အသိပေးဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #sgg_apr2020 … Read more
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ရှောင်ရန်များ အသိပညာပေးဟောပြောမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၄-၂၀၂၀) ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ ကျွန်းတောကျေးရွာ၊ ရွာမကျေးရွာ၊ ကြာအင်းကျေးရွာ၊ လွဲလောကျေးရွာ၊ လွဲဆွန်းကျေးရွာနှင့် မန်ပင်ကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များ အသိပညာပေးနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။ #ar #kcn_apr2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့်အတူပူးပေါင်း၍ (၄-၄-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ကဿမျှင်ထီဆိပ်ကျေးရွာ အုပ်စု အတွင်း၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို Hand Speaker ၊ Loud Speaker များဖြင့် ကျေးရွာများအတွင်းလှည့်လှည်၍ အသိပညာပေး ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ ဆောင်ရွက်ခဲ့ပါသည်။ #ar #ayy_apr2020 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









