လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဉီးစီးမှူးရုံးနှင့် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှူးရုံးတို့ပူးပေါင်း၍ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်၊ မြို့သစ်ရပ်ကွက်၊ မကျီးတန်းရပ်ကွက်၊တာလမ်းသစ်ရပ်ကွက်၊ဘုရားလမ်းရပ်ကွက်များတွင်၎င်း၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၊ ကြားတောရ၊ ရွှေတောင်ကြားအမှတ်-၁၊ ဆရာစံမြောက်/အနောက်၊ ဂွတ္တလစ်တောင်၊ ဆရာစံတောင်၊ကျိုက္ကဆံ၊ဗိုလ်စိန်မှန်၊ အလယ်ရွှေဂုံတိုင်၊ ငါးထပ်ကြီးတောင်ရပ်ကွက်များတွင်၄င်း Covid19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာရန်အချက်များအား ကွင်းဆင်း၍ အသိပညာပေးပန်ကြားချက်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော လက်ကမ်း စာစောင်များအား အရာထမ်းအမှုထမ်းများမှရပ်ကွက်များအတွင်း ကြောငြာခြင်း၊ဖြန့်ဝေခြင်းစသည့် ပြည်သူအသိပညာ ပေးလုပ်ငန်းများအား သက်ဆိုင်ရာ ကျန်းမာရေးဌာန၊ မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဉီးစီးမှူးရုံး (ဘစမ)