
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး (ညဥ/ကပတ)တို့မှ ဝန်ထမ်းများ၊ လူငယ့်ရေးရာကော်မတီမှ အဖွဲ့ဝင်များနှင့်အတူ (၄-၄-၂၀၂၀) ရက်နေ့တွင် (၀၈:၃၀) နာရီမှ (၁၈:၃၀) နာရီအထိ ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်း တောင်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၂၉)ရွာမှ မိဘပြည်သူများအား Covid-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးနှင့်စပ်လျဉ်းပြီး သိရှိလိုက်နာရမည့်အချက်များကို အသိပညာပေးနှိုးဆော် ခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#mdy_apr2020
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)