Latest News
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
(၄-၄-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုဉီးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများ သည် ဒီးမော့ဆိုမြို့နယ်၊ ဒေါရောက်ခူကျေးရွာအုပ်စု၊ ဒေါရောက်ခူကျေးရွာနှင့် ဖရူခေါကျေးရွာ နေ မိဘပြည်သူ များအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရေးအတွက် သိရှိ လိုက်နာရန်အချက်များကို အသိပညာဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #kyh_apr2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၄-၂၀၂၀) ရက်နေ့ (၁၀:၃၀) အချိန်မှ (၁၇:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွား စေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်း ကို ပုဗ္ဗသီရိမြို့နယ်၊သစ်ယာကုန်းကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ကြိမ်တောမြှောင်ကျေးရွာ၊ သရက် တမိန် ကျေးရွာ၊ ရေပြာကျေးရွာ၊ ကံလှကျေးရွာ၊ သပြေကုန်းကျေးရွာ၊ ဥယျာဉ်ကျေးရွာ၊ ဒိုးပင်ကုန်း ကျေးရွာ၊ ဇလုပ်ကြီးကျေးရွာ၊ လယ်ယာကျေးရွာ၊ ငါးစိမ်းအင်းကျေးရွာများအတွင်းရှိ ပြည်သူများသို့ … Read more
-
COVID-19 နှင့်ပတ်သက်၍ ထောက်ပံ့ငွေ၊ အလှူငွေနှင့်ပစ္စည်းလှူဒါန်းခဲ့မှုနှင့် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှမိုးအောင်သည် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ စီမံ/ဘဏ္ဍာဝန်ကြီး၊ တိုင်းဒေသကြီးအစိုးအဖွဲ့ရုံးမှ အတွင်းရေးမှူးတို့ လိုက်ပါလျက် (၄-၄-၂၀၂၀) ရက်နေ့၊ (၀၇:၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသ ကြီး၊ ဟင်္သာတခရိုင်အတွင်း COVID-19 လုပ်ငန်းနှင့်ပတ်သက်၍ ထောက်ပံ့ငွေ၊ အလှူငွေနှင့် ပစ္စည်းလှူဒါန်းထောက်ပံ့ခဲ့မှုခရီးစဉ်တွင် ကြံခင်းမြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု၊ ကံဆယ် ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကြံခင်းမြို့နယ် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး စီမံချက်ဖြင့် ဆောင်ရွက်ထားရှိသည့် နေအိမ် (၁၀၀)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေအား လည်းကောင်း၊ (၁၄:၁၅) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ သပြေကုန်း ကျေးရွာအုပ်စု၊ ရွှေကျင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ မြန်အောင်မြို့နယ် … Read more
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ စေတုတ္တရာမြို့နယ်၊ ဆင်ခြေဖိုကျေးရွာ၊ ဖအိုင်း(အနောက်)ကျေးရွာ၊ ခွေးမလောင်ကျေးရွာနှင့် အောက်ဝေါကျေးရွာများသို့ (၁၈-၃-၂၀၂၀) ရက်နေ့မှ (၃၀-၃-၂၀၂၀) ရက်နေ့အထိ ပြောင်းရွှေ့ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၈)စုမှ လူဦးရေ(၄၁)ဦးအတွက် ဆန်ဖိုးရက်(၃၀)စာ စုစုပေါင်းထောက်ပံ့ငွေ (၃၆၉,၀၀၀) ကျပ်အား (၅-၄-၂၀၂၀) ရက်နေ့ (၁၀:၄၅) အချိန်၌ အထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အသွားအလာကန့်သတ်ခြင်း (Quarantine) နေရာများတွင် အသိပညာပေးခြင်းနှင့် စိတ်ဓါတ်ရေးရာ မြှင့်တင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရေး ညှိနှိုင်းဆွေးနွေး
ဧပြီလ၊ ၄ ၊ ၂၀၂၀၊ နေပြည်တော် Coronavirus Disease 2019 (COVID -19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက နေပြည်တော်ကောင်စီ အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများအတွင်း ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းကူညီ စောင့်ရှောက်မှုဖြင့် သတ်မှတ်နေရာအဆောက်အဦများတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Community Based Facility Quarantine) ဆောင်ရွက်ပေးနေသည့် နေရာများ၌ အသိပညာပေး ခြင်းနှင့် စိတ်ဓါတ်ရေးရာမြှင့်တင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ယနေ့နံနက် ပိုင်းက Video Conference … Read more
-
COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၄-၂၀၂၀) ရက်နေ့ (၁၀:၀၀) အချိန်မှ(၁၆:၀၀) အချိန်ထိ ပြည်သူများအား COVID-19 ရောဂါ ကူးစက် ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ပျဉ်းမနားမြို့နယ်၊ ကျီးအင်းကျေးရွာအုပ်စု၊ ကျီးအင်းရွာ၊ ကျီးဖြူရိုးရွာ၊ နတ်သူရဲကျေးရွာအုပ်စုရှိ ကြံဘိုရွာ၊ ပန်းဘဲစုရွာ၊ တာတိုင်ကုန်းရွာ၊ နတ်သူရဲရွာနှင့်ပေါစံကုန်း ကျေးရွာအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #npw_apr Source: ပြည်ထောင်စုနယ်မြေ၊ … Read more









