
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ စေတုတ္တရာမြို့နယ်၊ ဆင်ခြေဖိုကျေးရွာ၊ ဖအိုင်း(အနောက်)ကျေးရွာ၊ ခွေးမလောင်ကျေးရွာနှင့် အောက်ဝေါကျေးရွာများသို့ (၁၈-၃-၂၀၂၀) ရက်နေ့မှ (၃၀-၃-၂၀၂၀) ရက်နေ့အထိ ပြောင်းရွှေ့ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၈)စုမှ လူဦးရေ(၄၁)ဦးအတွက် ဆန်ဖိုးရက်(၃၀)စာ စုစုပေါင်းထောက်ပံ့ငွေ (၃၆၉,၀၀၀) ကျပ်အား (၅-၄-၂၀၂၀) ရက်နေ့ (၁၀:၄၅) အချိန်၌ အထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_otr
#mgy_apr2020